သိပ်မကြာခင် မိုးရွာလာတော့မည်ထင်တယ်၊ ရာသီဥတုက အရင်လိုမဟုတ်ဘဲ အုံ့မှိုင်းမှိုင်းဖြစ်လို့နေတယ်၊ မိုးစရွာလာတော့ သူအပြင်ထွက်ဖို့ စိတ်ကူးလိုက်တယ် မိုးရေထဲမှာ လျှောက်ပြေးရတဲ့ အရသာက ဘာနဲ့မှမတူဘဲ စိတ်ပင်ပန်းတာတွေ အားလုံးကို ပျောက်သွားစေတယ်၊ သူဒီလိုမျိုး လုပ်ရတာ သိပ်ကိုသဘောကျပါသည်၊
Jay အိမ်အပြင်ကို ထွက်လိုက်သည် နောက်ပြီး စဉ်းစားမိတာက Hyung ဆီကို သွားဖို့၊ ပြတင်း ပေါက်နားမှာ ရပ်နေတဲ့ Hyungကို အောက်ကို ဆင်းလာဖို့ ပြောလိုက်တယ်၊ ငြင်းမယ်လို့ ထင်ပေမယ့် သိပ်မကြာခင်ပဲ Hyung ရောက်လာခဲ့တယ်၊
Hyungက သူပြောတာကိုလက်ခံပြီး သူနဲ့ အတူတူ မိုးရေထဲမှာရှိနေပါသည်၊
ပထမဆုံး မြင်လိုက်ရတဲ့ Hyung ရဲ့အပြုံး အကြာကြီးနေမှ ပထမဆုံးအကြိမ် ပြန်တွေ့လိုက်ရတဲ့ Hyung ရဲ့ ဒီအပြုံး၊ သူ့ရဲ့ ကမ္ဘာတစ်ခုလုံး ရပ်တန့်သွားသလိုပင်၊ ဘယ်လိုမျိုး ပုံဖော်ပြရပါ့ မိုးရွာပြီးတဲ့အချိန် ကောင်းကင်က ကြည်လင်ပြီး အရောင်စုံတဲ့ သက်တန့်တစ်စင်း ပေါ်ထွက်လာသလိုမျိုး၊
" ရှာတွေ့ပြီ ကျွန်တော် ရှင်သန်ရခြင်းရဲ့အကြောင်းအရင်းကို "
နှစ်အကြာကြီးနေမှ ပြန်မြင်ရတဲ့ ဒီအပြုံးကလေ
သူ့အဖို့ မနက်ဖန်တိုင်းအတွက် ရှင်သန်စေဖို့ အ ကြောင်းအရင်း ဖြစ်မယ်ထင်ပါသည်၊ အရင်လိုပဲ တောက်ပနေဆဲ သူဒီအပြုံးကို မြင်ရဖို့ ဘယ် လောက်တောင် စောင့်ခဲ့ရလဲ၊ အပြုံးအရယ် မရှိတော့တဲ့ Hyung ကို ကြည့်ပြီး သူဘယ်လောက် တောင် စိတ်နှလုံး နာကျင်ခဲ့ရသလဲ၊သူရှာတွေ့သွားပြီ၊ တကယ်ပဲ Jongwoo Hyung က သူ့ရဲ့ တစ်ဦးတည်းသော၊ ဒီတစ်ခါတော့ သူတကယ် လက်မလွတ်နိုင်တော့ပါ၊ ပထမဆုံး ကာကွယ်ပေးချင်မိတဲ့၊ ပထမဆုံး ပိုင်ဆိုင်ချင်မိတဲ့ ဒီလူကို ဒီအချိန်တော့ သူပိုင်ရမှ ဖြစ်ပါမယ်၊ ထပ်ပြီး လက်လွတ်မခံနိုင်တော့တာမို့
" ကျွန်တော် ဒီလိုလုပ်လိုက်ရင် Hyung စိတ်ဆိုးမယ်ထင်တယ် "
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought