" အရင်ကရော အခုရော နောင်လာမယ့် အချိန်တိုင်းအတွက်ရော ကလေးလေးက ကိုယ်တစ် ယောက်တည်းအပိုင်၊ ဘယ်သူ့လက်ထဲမှ ထည့်မပေးနိုင်တဲ့ ကိုယ်ရဲ့ တစ်ဦးတည်းသော အရုပ်ကလေး "
Kim Ji Woong
နာကျင်တာတွေလုံလောက်နေပြီမို့ ထပ်ပြီး မနာကျင်ချင်တော့ဘူး ထပ်ပြီး မချစ်ချင်တော့ဘူး၊ ဆုပ်လည်းဆူး စားလည်းရူးတဲ့ အဖြစ်မဟုတ်လား နာကျင်ရမှာ ကြောက်တဲ့ စိတ်နဲ့ ထပ်မချစ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အဲ့ဒီ ဆုံးဖြတ်ချက်ကြောင့် ထပ်ပြီး နာကျင်နေရပြန်တယ်။
Yoon Jong Woo
ဘယ်နေရာမှာ ဘယ်သူနဲ့ပဲ ပျော်ပျော် Hyung ပျော်နေတယ်ဆိုတဲ့ အသိနဲ့တင် ကျွန်တော့်ကမ္ဘာ လှည်ပတ်ဖို့ရာ လုံလောက်နေပြီမို့ ကျွန်တော်ကို Hyung အပိုင်အဖြစ် မလိုချင်ရင်တောင် ဖြစ်တယ်၊ Hyung ကို ကျွန်တော် မပိုင်ဆိုင်ရရင်တောင် ဖြစ်ပါတယ်၊ အစကတည်းက ကျွန်တော်ဟာ အပိုလူတစ်ယောက်မို့လေ။
Jay Chang
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought