" ဒီအိမ်ကို ဝယ်လိုက်တဲ့ နိုင်ငံခြားသားလေးဆိုတာ လူလေးထင်တယ် ဟုတ်သလား "
" ဟုတ်ပါတယ် ဒေါ်ဒေါ် Jay Chang လို့ ခေါ်ပါတယ်ဗျ ရှေ့လျှောက် ကူညီပေးပါဦးဗျ "
ကူညီလုပ်ကိုင်ပေးမည့်ဒေါ်ကြီးကို Jay ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပါသည်၊
" ဟုတ်ပါပြီ သားက ကိုရီးယားစကားလည်း ကောင်းကောင်း ပြောတတ်သားပဲ "
ဒီနိုင်ငံမှာ ကျောင်းတက်ခဲ့ဖူးတဲ့ Jay အတွက်တော့ ဘာသာစကား မကျွမ်းစရာ အကြောင်းမရှိပေ၊
" ဒေါ်ဒေါ် ကျွန်တော့်ကို ပစ္စည်းတွေ အိမ်ရှေ့မှာပဲ ချထားပေးပါ၊ ကျန်တာ ကျွန်တော့်ဘာသာ လုပ်လိုက်ပါ့မယ် "
" ရပါတယ် ဒေါ်ဒေါ် ပဲ အပေါ်ထပ်ထိ သယ်ပေးပါ့မယ်၊ အခန်းတွေလည်း အကုန်ရှင်းထားတယ် "
" ဒီဘက်အိမ်မှာရော လူနေတာလား ဒေါ်ဒေါ် "
ခြံထဲစဝင်လာကတည်းက သတိထားမိနေသော အိမ်လေးအကြောင်း Jay မေးလိုက်မိတယ်၊
" ဟုတ်တယ် လူလေး ဒီဘက်အိမ်မှာလည်း ဒေါ်ဒေါ်အလုပ်လုပ်တယ် "
Jay တို့စကားပြောနေတုန်း ဘေးအိမ်က အော်သံအကျယ်ကြီးကို ကြားလိုက်ရသည်၊
" ဒီကလေး ထပ်လုပ်ပြန်ပြီနဲ့တူတယ်၊ ဒေါ်ဒေါ် ဟိုဘက်အိမ်ကို သွားလိုက်ဦးမယ် သား၊ ပစ္စည်းတွေ ကို မသယ်ပေးတော့ဘူးနော် "
အဒေါ်ကြီးက တစ်ကိုယ်တည်းရေရွတ်ရင်းနဲ့ Jay ဘက်ကို လှည့်ပြောလာတယ်၊
" ဟို ....ဒေါ်ဒေါ် ဘာဖြစ်တာလဲမသိဘူး ကျွန်တော်ရော လိုက်ခဲ့လို့ရမလား "
Jay တစ်ယောက် စူးစမ်းချင်စိတ်နဲ့ လိုက်ခဲ့ဖို့ရာ တောင်းဆိုလိုက်မိသည်၊
ထိုအခါ အဒေါ်ကြီးမှ
" ရတယ် ရတယ် ဒေါ်ဒေါ်တို့ မြန်မြန်သွားရအောင် "
Jay တို့ အိမ်အပေါ်ထပ်ကိုရောက်တော့ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် အနည်းငယ်ထိတ်လန့်သွားရတယ်၊ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ဖန်ကွဲစတွေ နောက်ပြီးသွေးစက်တွေက ခြေရာတစ်ခုလိုမျိုးရှိနေသည်၊
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought