DAWN : 21

201 27 3
                                    

တဖြေးဖြေးနဲ့ကုန်ဆုံးလာခဲ့တဲ့အချိန်တွေ၊ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီး တစ်နှစ်ပေါ့၊ ကမ္ဘာဟာ ပုံမှန်လည်ပတ်နေဆဲ၊

Jongwoo သူ့မိသာစုနဲ့ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးရတဲ့အချိန်တွေကို သူတန်ဖိုးထားပါသည်၊ သူကဒီလိုမျိုး မိသားစုနဲ့ နေနေရပေမယ့် သူထားရစ်ခဲ့သူကရော ဘယ်လိုမျိုး နေနေမလဲဆိုတာ သူတွေးနေမိသည်၊ စိတ်ပူမိသည် သို့ပေမယ့် သူ ......။

" မောင်လေး "

" ဗျာ မမ "

အတွေးကမ္ဘာထဲမှာ တစ်‌ယောက်တည်းနယ်ချဲ့နေရင်း မမက သူ့ဆီကို‌ရောက်လို့လာသည်၊

" ‌‌မမကိုပြောစရာမရှိဘူးလား "

" ဗျာ "

" မောင်လေးအိမ်ပြန်မလာခဲ့တဲ့နေ့တွေမှာဘယ်လိုမျိုးနေခဲ့လဲဆိုတာကို၊ နောက်ပြီး မောင်လေးဘာလို့ ဒီလိုမျိုးရုတ်တရပ်ပြန်ရောက်လာရလဲ ဆိုတာကို မမကိုပြောပြဖို့စိတ်ကူးမရှိဘူးလားJongwoo"

သူခေါင်းကိုငုံ့ထားမိသည်၊ သူ မမကို ဘယ်လိုမျိုး ပြောရမည်နည်း၊ သူဒီအရာတွေကို ဘယ်လိုပြောထွက်ပါ့မလဲ

" မောင်လေးမှာ တိုင်ပင်စရာ မမတစ်ယောက်လုံး ရှိတယ်လေ ဘာတွေကိုတွေဝေနေရတဲ၊ ဘယ်လိုအခက်အခဲမျိုးတွေရှိလို့ မမရဲ့မောင်လေးက ဒီလိုမျိုး တုံ့ဆိုင်းနေရတာလဲ "

" ကျွန်တော်လေ "

" မေမေလည်း ဒီအကြောင်းတွေကိုသိချင်နေတယ် သိလားမောင်လေး ဒါပေမယ့် မမတို့ မင်းကို မမေးခဲ့ဘူး၊ အချိန်ပေးထားခဲ့တာ မင်းပြောလာမယ့် အချိန်ကို မမတို့စောင့်နေခဲ့တာ ဒါပေမယ့် မောင်လေးကဒီလိုမျိုး တိတ်ဆိတ်နေတော့ "

" ကျွန်တော်ဘယ်ကနေစပြောရမှန်း မသိတော့ဘူး မမရာ၊ ကျွန်တော်စိတ်တွေရှူတ်ထွေးနေတယ်၊ ကျွန်တော်လေ ရှေ့ဆက်ပြီးဘယ်လိုလုပ်ရမလဲဆိုတာကို မသိ‌တော့ဘူး "

" မောင်လေး အဆင်မပြေသေးဘူးဆိုရင် မမက ပြောပြဖို့ရာ မတိုက်တွန်းပါဘူး ဒါပေမယ့် မောင်လေးသိထားရမှာ တစ်ခုကလေ "

" ဟုတ် မမ "

" မောင်လေးအတွက် မမကအမြဲတမ်းအသင့်ရှိနေတယ်ဆိုတာကိုပဲ "

MIDNIGHT Where stories live. Discover now