" Chocolate Cake လေးရပါပြီ "
စောင့်ရတဲ့ အချိန်ကုန်လွန်ပြီး Chocolate Cake လေးကို စားရပါတော့မည်၊ ပုံစံကတော့ တကယ် ချစ်စရာကောင်းနေပြီး စားချင်စရာလေး ဖြစ်နေ သည်၊
" Hyung စားကြည့် "
သူ့ကို ခွံ့ကျွေးလာတဲ့ Jay သူမငြင်းဆန်ဘဲ အသာ တကြည် စားလိုက်သည်၊ သူလဲ Cake အရသာကို မြည်းစမ်းကြည့်ချင်နေပြီမို့
" စားလို့ ကောင်းလား၊ ချိုလား Hyung "
" ချိုအီနေတာမျိုး မဟုတ်ဘဲ စားလို့ တကယ်ကောင်းတယ် Jay မင်းတကယ်တော်တာပဲ "
" ဒါဆို ကျွန်တော်လဲ စားကြည့်မယ် "
" အင်း မင်းလည်း "
စကားကိုပင်ဆုံးအောင် ပြောခွင့်မရှိလိုက်ဘဲ Jongwoo တစ်ယောက် နှုတ်ပိတ်ခြင်း ခံလိုက်ရပါတော့သည်၊ ပထမဆုံးအကြိမ် မဟုတ်တဲ့ အတွက် မထူးဆန်းနေပေမယ့် ရင်းနှီးမှုရှိနေသလား ဆိုတော့လည်း မဟုတ်ပြန်၊ ဒီအခြေအနေနဲ့ သူတကယ် အသားမကျနိုင်သေး၊
Jongwoo စိတ်ထဲမှာတော့ " ထပ်ပြီး သူလုပ်ချင်ရာ လုပ်ပြန်ပြီ တကယ်ဆိုးတဲ့ ကောင်လေး " လို့ တွေးနေမိသည်၊ သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားသော အခြေအနေကို Jay သဘောမကျဘူးထင်သည်၊
" Hyung ပါးစပ်ဟထားပေး "
" ဘာလို့ ငါက "
အငိုက်မိသွားတဲ့ Jongwoo ကြောင့် Jay ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်သွားရပါသည်၊ အတင်းတိုးဝင်လာသော သူ့ရဲ့လျှာဖျား၊ အကြင်နာတွေက မကြမ်း တမ်း သော်လည်း နူးညံ့ခြင်းတော့ ရှိမနေ၊မကြာခင်ပဲ သူ့ဆီက ချောကလက်ကိတ်တွေ အကုန် ပြန်လုယူသွားပြီလို့ ထင်ရလောက်သည်၊
" Cake က ချိုပါတယ် Hyung ကလဲ "
" Jay မင်း "
" မင်းဘာဖြစ်လဲ "
ခပ်ပြုံးပြုံးမျက်နှာနဲ့ ပြောလာတဲ့ Jay က တကယ်ကို ထုရိုက်ပစ်ချင်စရာကောင်းပါသည်၊
" ငါအိမ်ပြန်မယ် "
နေရာကနေ ထထွက်သွားဖို့ ပြင်လိုက်ပေမယ့် တားဆီးခြင်း ခံလိုက်ရတယ်၊ Jay ရဲ့ လက်တွေက သူ့ရဲ့ခါးကို ရစ်သိုင်းလို့ ထားသည်၊ သူ့ကိုအနောက်ကနေ ဖက်ထားသော Jay ဒီလိုအခြေ အနေမျိုးက သူ့ကို တကယ် နေရခက်စေသည်၊
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought