" ကလေးလေး မနက်ဖန်ကျရင် ကိုယ်တို့ Seoul ကို သွားရအောင် "
" ဘာလို့လဲ ကိုကို "
" ဒီမှာဆက်မနေတော့ဘဲ ကိုကို့တို့အိမ်မှာလိုက်နေစေချင်တယ်၊ ဘာလို့ဆို ဖေဖေက ကိုယ့်တို့ကိုတရားဝင် ခွင့်ပြုပေးလိုက်ပြီ သိလား "
" ဟင် "
Ji Woong အားရဝမ်းသာပြောလိုက်ပေမယ့် Jongwoo ရဲ့တုံ့ပြန်မှုက သာမန်မျှသာ၊ အံ့ဩပုံရပေမယ့် ပျော်ရွှင်သောအံ့ဩခြင်းမျိုးတော့ မဟုတ်၊
" ဘာလို့လဲ ကလေးလေး အဆင်မပြေလို့လား "
" မဟုတ်ပါဘူး ကိုကို "
" ကိုကို Jay နဲ့ ဘယ်လိုသိတာလဲဟင် "
" အော် သူ့ကိုပန်းချီပြပွဲမှာ ဆုံဖူးတာပါ၊ ကိုယ့်အသိညီလေးက သူနဲ့ မိတ်ဆက်ပေးလို့ ဒီလောက်ပါပဲ၊ ဘာဖြစ်လို့လဲ ကလေးလေး "
" မသွားခင် ကျွန်တော် Jayနဲ့ ခဏစကားပြောချင်သေးတယ် ကိုကို "
" သူနဲ့ပြောစရာ ကိစ္စရှိလို့လား "
" ......... "
" ကိုကို သူနဲ့ရင်းနှီးတာကို မကြိုက်ဘူး "
ကိုကို့စကားကြောင့် Jongwoo ဘာကိုမှအတွန့်မတက်တော့ပါ၊ စကားလည်း ပြောမလာတော့ပါ၊
" ညဉ့်နက်နေပြီ ကိုကိုတို့ အိပ်ကြရအောင်လေ "
" ဟုတ်ကဲ့ "
အခန်းထဲရောက်တော့ Ji Woong စန္ဒရားကို တွေ့လိုက်သည်၊ မတီးတာကြာပြီဖြစ်သည့်အတွက် ခုလိုပြန်ဆုံတဲ့ညမျိုးမှာ ကလေးလေးကို စန္ဒရားတီးပြဖို့ သူဆုံးဖြတ်လိုက်သည်၊
" ကလေးလေး မအိပ်ခင် ကိုကိုစန္ဒရားတီးပြမယ် "
" ဟင့်အင်း ကျွန်တော် "
ချက်ချင်းဆိုသလို မျက်ရည်များ ဝဲတက်လာကာ ခေါင်းရမ်းပြီး ငြင်းနေသော ကလေးလေးကြောင့် သူအနည်းငယ်လန့်သွားရသည်၊
" ဘာဖြစ်လို့လဲ ကိုယ့်ကလေးလေး "
" ဒီအတိုင်းအိပ်ရအောင် ကျွန်တော်ပင်ပန်းနေပြီ "
" ဟုတ်ပါပြီ၊ ဒါဆို ကိုကိုမတီးတော့ဘူးနော် "
အိပ်ပျော်နေတဲ့ကလေးလေးကို ကြည့်ပြီး သူတွေးနေမိသည်၊ ကလေးလေးကအရင်နဲ့မတူဘဲ ဘာ ကြောင့် အရမ်းပြောင်းလဲသွားရတာလဲဆိုတာကို သူတော်တော်အံ့ဩနေမိသည်၊ ဒါတွေဟာ သူကြောင့်လားဆိုတဲ့ မေးခွန်းကိုလည်း ထပ်ခါထပ်ခါ မေးနေမိသည်၊
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought