Jongwoo Hyung သူ့ကို စိတ်ဆိုးမပြေခင် တစ်ရက်
" ဒေါ်ဒေါ် ဒီမှာ နေတာ ကြာပြီလားဟင် "
Hyung နဲ့ ပတ်သက်ပြီး Jay သူ သိချင်တဲ့ မေခွန်းတွေကို မေးဖို့ စကားလမ်းကြောင်းစလိုက်သည်၊
" ဒေါ်ဒေါ်ကဒီမှာနေတာကြာပါပြီ၊ Jongwooလေး ဆီမှာ အလုပ်လုပ်တာကတော့ တစ်နှစ်ကျော်လောက်ပဲ ရှိဦးမယ် "
" ဒေါ်ဒေါ့်ကို Hyung က ငှားထားတာလားဟင် "
" မဟုတ်ပါဘူး ဒေါ်ဒေါ်ကို "
ပြောလက်စ စကားကို ရပ်လိုက်တဲ့ အဒေါ်ကြီး
" ဘာဖြစ်လို့လဲ ဒေါ်ဒေါ် "
" ဘာမှမဖြစ်ပါဘူး ဒေါ်ဒေါ်ကို သားရဲ့ ချစ်သူက ဒီမှာ ကူညီလုပ်ကိုင်ဖို့ ငှားခဲ့တာ၊ သူတို့အိမ်နောက်ဘက်မှာ အိမ်လေးဆောက်ပြီး ပေးနေခဲ့တာ "
" Hyung ရဲ့ ချစ်သူဆိုတာက ဘယ်သူလဲ ဒေါ်ဒေါ်၊ အခု သူကရော ဘယ်မှာလဲ "
" ဘာလို့ Hyungနဲ့ အတူတူရှိမနေရတာလဲ "
" Jongwoo Hyung ခုလိုဖြစ်နေတာက သူ့ချစ်သူကြောင့်လား "
Jay သိချင်တဲ့ မေးခွန်းတွေကို ဆက်တိုက်ဆိုသလိုပင် ပြောလိုက်မိတယ်၊ Jay တခြားသူရဲ့ Privacy ကို အရမ်း Curious ဖြစ်နေသလိုများ ဖြစ်သွားသလား၊
ဒါပေမယ့် Jay တကယ် သိချင်နေတဲ့ အရာတွေပါ၊ ဒီအကြောင်းတွေကို Hyung က Jay ကို ပြောပြမှာ မဟုတ်ပါ၊ သူ့နည်းသူ့ဟန်နဲ့ သိအောင်လုပ်ဖို့ တစ်နည်းပဲ ရှိသည်၊ ဒါက အဒေါ်ကြီးဆီက သိရဖို့ပဲ
" Jongwoo လေးရဲ့ ချစ်သူက ဒီမှာတစ်လလောက်နေပြီး သူ့မိဘတွေဆီ ခဏပြန်မယ်ဆိုပြီး ထွက်သွားကတည်းက ပြန်မလာတော့တာ ခုအချိန်ထိပဲ သား "
" Jongwoo လေးကို သူပြန်မလာမချင်း စောင့် ရှောက်ပေးဖို့ ဒေါ်ဒေါ်ကို မှာခဲ့တာ၊ ဒေါ်ဒေါ့်ရဲ့ တာဝန်မို့ ခုချိန်ထိတိုင် အတူတူရှိနေရတာပဲ "
Jay ရဲ့မေးခွန်းတွေ အရမ်းများပေမယ့် ဒေါ်ကြီးကတော့ သူ့ကို ဘာမေးခွန်းမှပြန်မထုတ်ဘဲ သူသိချင်တာတွေကို ဖြေပေးခဲ့ပါသည်၊
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought