"မေမေ မောင်လေးကို ပြန်မခေါ်တော့ဘူးလား"
Irene ပြောစကားကို မေမေက လျစ်လျူရှု့နေဆဲ၊ မိခင်တစ်ယောက်အနေနဲ့ သားတစ်ယောက်ကို စွန့်ပစ်ဖို့ဆိုတာ ဘယ်လိုအကြောင်းကြောင့်နဲ့မှ မဖြစ်နိုင်၊ သူကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားလေး မဟုတ်လား၊
စွန့်ပစ်ခဲ့သူက သူမမဟုတ်ဘဲ စွန့်ခွာသွားခဲ့သူက
တော့သူမရဲ့ သားကိုယ်တိုင်ပင်၊နာကျင်ရပါတယ် သားကို လွမ်းတဲ့စိတ်နဲ့ ဒီအမေမှာ ဘယ်လိုများ နေနေရပါ့မလဲ၊ 1နှစ်ခွဲကျော်သည့်တိုင် သူမဆီကို မျက်နှာလေးတောင် လာမပြခဲ့တဲ့ သားလူဆိုးလေးကို သူမ တကယ် လွမ်းရပါသည်။
" သူမရဲ့ သားလေးကတော့ သူချစ်ရတဲ့သူနဲ့ ပျော်နေမယ် မဟုတ်လား၊ သားရွေးချယ်ခဲ့တဲ့ လမ်းပဲလေ သားပျော်နိုင်မှာပါ "
သူမ မထင်ထားတာတစ်ခုက သူမရဲ့သားလည်း မပျော်နိုင်ဘူးဆိုတာကိုပေါ့
[ At 12:36 am ]
အိမ်အသစ်မှာ ပထမဆုံး အိပ်ရမယ့် ဒီည၊ စိတ်လှုပ်ရှားရအောင်လည်း အသက် 22 နှစ် ရှိပြီဖြစ်တဲ့ Jay က ကလေးအရွယ် မဟုတ်တော့ပေမယ့် နည်းနည်းတော့ စိတ်ထဲ တစ်မျိုးဖြစ်နေမိတာ အမှန်ပင်၊
ည12နာရီ ကျော်သည့်တိုင်တောင် အိပ်လို့မရဖြစ်နေဆဲ၊နေရာ အပြောင်းအလဲကြောင့်များလား မသိပေမယ့် ဘယ်လိုပဲ အိပ်ဖို့ကြိုးစားကြိုးစား မရပါ၊
Jay အိပ်မရဖြစ်နေစဉ် ရုတ်တရက် ကြားလိုက်ရသော စန္ဒရားသံကြောင့် လန့်သွားရတယ်၊ ပိုဆိုးတာက အဲ့ဒီစန္ဒရားသံက တဖြေးဖြေးနဲ့ အမြင့်ဆုံး Note ကိုရောက်ပြီး အကျယ်ကြီး မြည်သွားတာကြောင့်၊ စန္ဒရားသံ အဆုံးသတ်မှာ ကပ်ပါလာတဲ့ အော်သံတစ်ခု
ထိုအသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြိုခွင်းလိုက်သလို၊ ညဉ့်နက်နေပြီ ဖြစ်တဲ့အတွက် နာရီလက်တံ ပုံမှန်လည်ပတ်နေတဲ့ အသံမျိုးကိုတောင် ကောင်းကောင်း ကြားနေရတဲ့ ဒီလိုအချိန်မျိုးမှာ ကျယ်လောင်တဲ့ စန္ဒရားသံ၊နောက်ပြီး တဖြေးဖြေးနဲ့ ကြားလာရတာက ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ သူတစ်ယောက်ရဲ့ အသံ၊ ဒါတွေကို သူ ရှင်းရှင်းလင်းလင်း ကြားနေရပါသည်။
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought