" ဘယ်သူ့ကိုစောင့်နေတာလဲ "
ကိုကိုလာနေကျ ကော်ဖီဆိုင်လေးမှာ Jongwoo စောင့်နေရင်း ကိုကိုအသံကို ကြားလိုက်ရသည်၊
" Hyung ကိုစောင့်နေတာ မဟုတ်ဘူး ကိုယ့်ဘာသာ ကော်ဖီလာသောက်တာ "
" ကိုယ်ကရော ဘာပြောရသေးလို့လဲ ဘယ်သူ့ကိုစောင့်နေတာလဲလို့ပဲ မေးတာပါ၊ ကိုယ့်ကို စောင့်နေတာလား လို့ မမေးမိပါဘူး "
Yoon Jongwoo တို့ ဘယ်သူမှ မမေးဘဲ အိုးမလုံအုံပွင့်ဖြစ်နေရပြီ၊ ကိုကိုက သူနဲ့ မျက်နှာချင်းဆိုင်မှာ လာပြီးဝင်ထိုင်သည်
" မင်းကိုယ့်ကို ချစ်နေတာလား "
" အဟွတ် ..... အဟွတ် "
ကိုကို့စကားကြောင့် Jongwoo သောက်နေတဲ့ ကော်ဖီပါသီးသွားရသည်၊
" ဖြေးဖြေးသောက်မှပေါ့ "
" ဘယ်သူက ချစ်လို့လဲ၊ အံ့ဩတယ် သူ့ကိုယ်သူ တအား အထင်ကြီးနေတယ် "
လက်ပူးလက်ကြပ် မမိသေးသ၍ Yoon Jong Woo တို့ ငြင်းနေမိဦးမှာ၊ ဆက်နေ၍ မဖြစ်တော့တာကြောင့် သူထထွက်လာလိုက်တော့သည်၊ ကြာကြာနေရင် သူ့အကြောင်းတွေ အကုန်ပေါ်ကုန်တော့မည်ဖြစ်သည်၊
ဒီကောင်လေးကို ကြည့်ရတာ Ji Woong တကယ် ထူးဆန်သလိုခံစားရသည်၊ သူ့နောက်ကိုပဲ လိုက်ပြီး အမြဲတမ်း စောင့်ကြည့်နေပေမယ့် ဘယ်တော့မှ ဝန်မခံ၊
Jongwoo ကိုကို့နောက်ကို လိုက်ရင်းလိုက်ရင်းနဲ့ တနေ့ကျတော့ ကိုကို့ဆီမှာသူမိသွားခဲ့ပါသည်၊ သူကိုကို့ကို ချစ်နေတာကိုလည်းသိသွားပါပြီ၊ အဲ့နေ့ကစပြီး သူကိုကို့ကိုရှောင်ခဲ့သည်၊ သူတကယ် ကိုကိုနဲ့မျက်နှာချင်း မဆိုင်ရဲတော့ပါ
In School Canteen ;
" Jongwoo ဒီကို လာဦး "
သူ့ကိုလှမ်းခေါ်နေသော Hwan Hee Hyung အဲ့နားမှာ ကိုကိုလည်း ရှိနေသောကြောင့် Jongwoo တကယ် မသွားချင်၊
" Seung Hwan က မှာလိုက်တယ် မင်းကိုတွေ့ရင် ပြောပေးဖို့၊ ဒီည ရုပ်ရှင်သွားကြည့်မယ်တဲ့ ၈ နာရီသူလာခေါ်မယ်ဆိုပြီး ငါ့ကို ပြောခိုင်းလိုက်တာမင်းဖုန်းက ခေါ်မရလို့တဲ့ဆို "
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought