" ကျွန်တော့်ကို Hyung တို့အကြောင်းပြောပြ "
" မင်းသိပြီးသား မဟုတ်လား၊ ငါတို့အကြောင်းကိုသိလို့ ငါ့ကို ဒီသီချင်းကိုမှ တမင် ရွေးဆိုပြတာ မဟုတ်ဘူးလား Choi Hee Chang - shi "
" ဟင့်အင်း ကျွန်တော် Hyung ပါးစပ်က ပြောတာကို ကြားချင်တာ "
Jay တကယ်ပဲ Jongwoo Hyung ပြောပြတာကို နားထောင်ချင်ပါသည်၊ သူများတွေဆီက မဟုတ်ဘဲ သူကိုယ်တိုင်သိလာခဲ့ရတာတွေနဲ့ မတူညီဘဲ Hyung ပြောလာမည့် Hyung ဘက်ခြမ်းက အကြောင်းတွေကို Jay အမှန်တကယ်ပဲ သိချင်မိပါသည်၊
" မပြောပြဘူး မင်းနဲ့ ရင်းနှီးတာလည်း မဟုတ်ဘဲနဲ့ "
" Hyung "
" ကိုယ့်အိမ်ကို ပြန်တော့၊ ဘာလာလုပ်တာလဲ သူများအိမ်ကို "
" Jongwoo Hyung "
Hyung က တကယ်ရက်စက်ပါသည်၊ သူလည်း ဒါမျိုးကိုမှသဘောကျတာ,သူသိချင်တာကို မသိရမချင်း လက်လျှော့ပြီးပြန်ဖို့ရာ စိတ်ကူးမရှိပါ၊
" Hyung မှာ Phone ရှိလား "
တစ်ခုမသိရတော့ နောက်တစ်ခုကို ချက်ချင်း ပြောင်းမေးရတာပေါ့၊ Jay သိချင်တာတွေကို တဖြေးဖြေးချင်း ဆွဲထုတ်သွားမှာမို့
" ရှိတယ် အံဆွဲထဲမှာ၊ မသုံးတာ တအားကြာနေပြီ ကောင်းသေးရဲ့လားတောင် မသိဘူး "
Hyung ပြောတဲ့ အံဆွဲကို ဖွင့်ကြည့်လိုက်တော့ Phone တင်မဟုတ်၊ သွေးစွန်းနေတဲ့ ဓားအတိုတစ်ချောင်းကိုပါ တွေ့လိုက်ရသည်၊
" Hyung ဓားက ဒီမှာ ဘာလို့ ရှိနေရတာလဲ၊ Hyung ဆောင်ထားတာလား "
" ငါ့ဟာ မဟုတ်ဘူး "
" ဒါဆို ဘာလို့ ဒီမှာရှိနေတာလဲ Hyung "
" ငါမသိဘူး "
Hyung ပစ္စည်းမဟုတ်ဘဲ ဘာလို့ ဒီမှာရှိနေရတာလဲ၊ Hyung အခန်းပတ်ပတ်လည်ကို သူသေသေ ချာချာ ကြည့်လိုက်တော့ အခန်းက တကယ်ရိုးရှင်းပါသည်၊ စန္ဒရားတစ်လုံးအပြင် ထူးခြားတာဘာမှရှိမနေ၊ အိပ်ရာဘေးကစားပွဲပေါ်မှာတော့ နှင်းဆီပန်းအနီထိုးထားတဲ့ ဖန်ပန်းအိုးလေးရှိနေသည်၊
YOU ARE READING
MIDNIGHT
Fanfictionအချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်၊ - midnight thought