ဒီမွန်စလေယာ

400 41 9
                                        

အချိန်ကာလသည်ကား ဂျပန်အန်နီမဲရုပ်ရှင် ဒီမွန်စလေယာ စီဆန် သရီး ထွက်နေဆဲ ကာလ။ ဒယ်အိုးရပ်ကွက်ထဲက အပျိုကြီး အိုယွန်းရှင်းတို့အိမ်တွင် တုတ်သိုင်းသံ တညံညံကြားရ၏။

"ရောင်စုံ ဓားသမားကားထဲကဟာမျိုး ဆော့မလို့"

ဟန်လေးက ရွီးကနဲတုတ်ကို ရမ်းရင်းပြောသည်။ ဒီတုတ်က စောစောကမှ သူ့ဒေါ်လေး အပင်ပိန်‌ေညာင်‌ေလးကို ထောက်ပေးထားခဲ့တဲ့တုတ်။ အိုဟွန်းနီကတော့ သူ့အကိုဘာပြောပြောမျက်လုံးရွဲကြီးတွေနဲ့ ကြည့်လို့ နားထောင်နေသည်။

"ဆော့မယ်လေ။ ငါက အားကာဇ လုပ်မှာ"

ခွစ်က အလာကြီး။ အာကာဇော်နဲ့ သူကဖြင့် ဘယ်နားမှလည်းမတူပဲနဲ့။

ဟန်လေးက အိမ်ထဲပြေးဝင်ပြိး အခင်းစောင်တစ်ထည်ကို မလို့ ပြန်ထွက်လာသည်။ ပြီးတော့ ပခုံးမှာ ဟန်ကျ ပန်ကျသိုင်းချည်ကာ ခွစ်ကို တုတ်ဓားနဲ့ရွယ်ပြီး..

"ငါက ရွှံ့ဟိုင်ရှီယာတဲ့လေ။ တစ်ဆယ့်တစ်ကွက်မြောက် ရွှံ့အသက်ရှုခြင်းပုံစံ!!!! မိုးရွာပြီးစ‌ဗွက်အိုင်!!!!!!ယား!!!!"

သိုင်းကွက်ခင်းကာ ခုန်ဝင်လာသော ဟန်လေးအား ခွစ်စ်က ရှောလင်သိုင်းနှင့် ပြန်ပက်သည်။ တပ်လာသော နေကာမျက်မှန်အမည်းကြီးကိုလည်းမချွတ်။

"မျက်မှန်အမည်းကြီးနဲ့ အာကာဇား အတု !!!!!!ဆယ်ဟွန်းနီ!!!!ဖက်ကိုက်!!!!"

ပန်းပျိုးထုပ်တွေ ထည့်သည့် သေတ္တာပုံးကိုမှ ပျိုးထုပ်တွေ အကုန်ထုပ်ပစ်ထားပြီး ထိုသေတ္တာပုန်းထဲ ငြိမ်ငြိမ်ကလေးဝင်ထိုင်နေသည့် ဆယ်ဟွန်းနီက ချိုလိန်တပ်ကာ ကားကနဲ ခုန်ထွက်လာသည်။

"အားကာဇ အစစ်ကွ!!!! ဖုန်းအကြည့်လွန်လို့ မျက်မှန်တပ်ထားရတာ!!!!အိုဆယ်ဟွန်နီ!!!!ဟေ့ရောင်!!!နာတယ်နော်!!!!!!"

•••••••••••

Вы достигли последней опубликованной части.

⏰ Последнее обновление: May 23, 2023 ⏰

Добавьте историю в свою библиотеку, чтобы получать уведомления о новых частях!

ပေါက်စတို့အိမ် 😎Место, где живут истории. Откройте их для себя