Miss? Hunnie and Hannie...(Short)

2.7K 338 23
                                        


"ဂိုး...................."

ဟင့်.....ဂိုးလည်းမဂိုးဘူး။

အားရပါးရအော်ပစ်ပြီး ဂိုးမဝင်ပဲ ချော်ထွက်သွားတာကြောင့် စွပ်ကျယ်အင်္ကျီချိုင်းပေါက်ကို လက်မနှစ်ဖက်ဖြင့် တစ်ဖက်စီ နောက်ပြန်ဆွဲကာ နှုတ်ခမ်းပါစူပစ်လိုက်သော အိုဟွန်းနီ။

ဘောလုံးကွင်းထဲက သူ့ကိုကိုးကလဲ အံကြီးတကြိတ်ကြိတ်။

ပွဲကြည့်စင်ထိပ်ဆုံးမှာ ငုတ်တုတ်လေးထိုင်နေရင်း အနားပေးချိန်ကို ဟွန်းနီစောင့်နေသည်။ ဘေးနားချထားသောခြင်းထဲမှာ တီလေးယွန်းရှင်းဖျော်ထည့်ပေးလိုက်သော ဓာတ်ဆားဗူးနှင့် ပုဝါသုံးထည်။ ကိုယ်တစ်ဝက်လုံနေသော မိန်းကလေးဆောင်းဦးထုပ်ကြီးကိုပါ ကောက်ဆောင်းပေးလိုက်တာကြောင့် စွပ်ကျယ်နီနီ ဗိုက်လုံးလုံး ဘောင်းဘီနီနီ နှင့် ဟွန်းနီ မှာ ဦးထုပ်ဝိုင်းကြီးတကားကားနှင့် ဖြစ်နေပြီး ဘောလုံးကန်နေသည့်အိုဟန်နီကို အားပေးနေ၏။

"ဟေ့ကောင် ချန်းညော မင်းအရပ်ကြီးနဲ့ ခေါင်းတိုက်လိုက်ရင် ဝင်မှာကို "

မူလတန်း၏ ရှေ့တန်းတိုက်စစ်မှူးများ 😪

"အမယ်..ဟိုဘက်ထိပ်က ဂိုးပေါက်စောင့်နေတဲ့ မျက်နှာသေကြီးကိုသွားပြော။ မတ်တပ်ကြီးပဲရပ်နေတာ သူ့ဂိုးတိုင်ထဲ ဘောလုံးဝင်သွားတာကို သူ့အမ လင်ရသလို ပျော်နေတာ။"

😑

"ခွစ်ကောင်...ပွဲ ပြီးရင်တွေ့ဦးမယ်။"

.......

ခြောက်ဂိုး တစ်ဂိုးနှင့် အိုဟန်နီတို့ ရှုံးပါ၏။ 😪

အပြန်လမ်းမှာ အိုဟွန်းနီ၏ လက်ကိုဆွဲကာ တစ်ဖက်ကခြင်းတောင်းကိုကိုင်လျက် လမ်းလျှောက်ပြန်ကြ၏။

"ကိုကိုး"

မော့ကြည့်လျက်ခေါ်တော့ ငုံ့ကြည့်လျက် မေးဆတ်ပြ၏။

"ဟွန်းနီကြီးလာလို့ ဒိုင်လူကြီးဖြစ်တဲ့အခါ ဂိုးတိုင်ဟိုဘက်ဒီဘက်ကို အကျယ်ကြီးချဲပေးမယ် သိလား။ ကိုကိုးက တော်တယ်။ ဂိုးပေါက်ကကျဉ်းနေတာ"

တစ်ညနေလုံးမောလာသောအမောများနှင့် စိတ်ပျက်ခြင်းများက နေလာနှင်းလိုဖြစ်သွားသည်။

ဟွန်းနီပါးကိုမွှေးမွှေးကြူမိ၏။

"ချွေးတွေနဲ့ အိမ်ရောက်မှ ရေချိုးပြီးမှနမ်း" ဟု စူပုတ်ပုတ်နှင့်ဆိုသေး၏။

ငှက်တစ်အုပ်ထပျံသွားသည်။ တိမ်တို့က ဝါရွှေရောင်တောက်၏။ ကလေးနှစ်ယောက် တို့ တွဲထားသောလက်က မြဲမြဲမြံလေသည်။

.................

ပေါက်စတို့အိမ် 😎Where stories live. Discover now