တုံးပေ/တုံးေပ

1.5K 169 37
                                    

U:

"ခွစ်"

ခြံဝင်းထဲက ပန်းခြံအသေးလေးထဲ ငုတ်တုတ်ထိုင်နေရင်းကနေ ခြံဝမှာရပ်နေတဲ့ ခွစ်ကိုမြင်လိုက်ရတယ်။
ကလေးပုံပြင်စာအုပ်ကိုချပြီး ဟန်​လေးအော်လိုက်တယ်။ ခြံတံခါးပြေးဖွင့်မလို့ပြင်တော့ ဘေးနားမှာ ကပ်တိုးပစ်မှီပြီးထိုင်နေတဲ့ ဟွန်းနီလုံးက မျက်နှာပေါ် mask ကို ဘတ်ကနဲ တက်ကပ်ပေးလာတယ်။

"တုံးပေနော်"

လက်ညှိုးတစ်ထိုးထိုးနဲ့ ။

"ဟွန်းနီက ခဏထိုင်နေဦး အပြင်ထွက်မလာနဲ့နော်"

တီလေးချပေးထားတဲ့ Hand Gel ဘူးကြီးကို ပွေ့ပြီး ခြံဝကိုထွက်လာခဲ့သည်။

"ဘယ်လာတာလဲ"

"ချာညိုးက ဘောကန်ရအောင်ဆိုလို့ မင်းကိုလာခေါ်တာ"

ခွစ်က ဂျယ်တွေတစ်ဘူးလုံးလောင်းချလာလို့တောင့်နေတဲ့ သူ့ဆံပင်မွှေးကို လက်နဲ့တစ်ချက်သပ်ရင်းပြောသည်။

"ငါတို့အိမ်ဘေးက မနေ့ကပဲ ပါတီလုပ်လို့ရဲဖမ်းသွားတယ်။ ဟိုဦးလေးကြီးလေ။ တီတီလေးကိုကြောင်နေတဲ့ဘိုးတော်"

"ငါတို့ကဘာတွေလဲ"

"ကလေးတွေ"

"ကလေးတွေကို ဘယ်သူက ထောင်ထဲထည့်ရက်မှာလဲ"

ကြိုးသိုင်းဘောင်းဘီကချောင်ပလွာမို့ ခွစ်က လက်တစ်ဖက်နဲ့ဆွဲမတင်ထားသည်။ မားမားဝူက ခွစ်ကိုဆင်လိုက်ရင် ဒီလိုမတော်တရော်တွေချည်း။ ခွစ်ကိုကြည့်လိုက်ရင် ဗရုတ်သုတ်ခနဲ့။

အတည်ပေါက်ကြီးပြောနေတာမို့ ဟန်လေးတစ်ယောက် ဇဝေဇဝါနဲ့ လိုက်သွားရကောင်းနိုး။

" မလိုက်ရပါဘူး သူများကိုကိုးကို ဘာရို့လာခေါ်နေတာလဲ"

"ဟို အေဘီ စီတောင်မပီတဲ့ကောင် "

"ပီတယ် အေဘီချီ အေဘီချီ တီလေးနဲ့တိုင်မှာ "

" ဖင်လုံးလုံးကို အားရပါးရရိုက်ပစ်လိုက်ရ"

ချိုကိုလိတ်တုံးလေးတွေပါတဲ့ ဘောင်းဘီတိုကျပ်ကျပ်အောက်က တင်ပါးအိစိစိလေးတွေကို လက်လေးနှစ်ဖက်နဲ့ ကာလိုက်တယ်။

ပေါက်စတို့အိမ် 😎Where stories live. Discover now