စာရေးသူ၏ Note 😁
ဤနေရာတွင် တစ်ချို့စာဖတ်သူများသတိထားမိ၍ တစ်ချို့စာဖတ်သူများက သတိမထားမိသည်ဖြစ်ချိမ့်။😁
တစ်ချို့အပိုင်းတွေပြန်သိမ်းလိုက်တာပါ 😁
အသက်တွေကြီးလိုက်ရင် ဆက်မရေးတတ်တော့လို့ ချက်ချင်းပြန်ငယ်လိုက်ရတဲ့ ကျယ်မကို အပြစ်မမြင်ကြပါနဲ့ 😫
အစက အသက်ကြီး ဒရာမာချိုးပြီး ဇာတ်သိမ်းလိုက်တော့မလို့ပါပဲ ဟီဟီ 😀။ အခုတော့ ငယ်ငယ်လေးတွေ ပုကျိလေးတွေအကြောင်းပဲ အရှည်ကြီးအရှည်ကြီးရေးပြီး ကြီးချင်မှလဲ ကြီးပါတော့မည်။ ပိတ်ထုကြပါကုန် 😁😁😁။သူလဲလုပ်ချင်ရာလုပ်
ကိုယ်လဲ ရေးချင်တာဆက်ရေးပါမည်။ 😁😁ကျေးဇူးတင်ပါ၏။ 😁
😎 ပေါက်စတို့အိမ် 😎
လတ်တလောတွင်.......
အိပ်နေနိုင်ကြသူများကားအိပ်၍ စောစောစီးစီး မီးဖိုချောင်တွင်အလုပ်ရှုပ်နေသော တစ်ဦးတည်းသော အိမ်ရှင်မလေးရှိ၏။ 😎
"ကာလနာတွေ...
နေချင်လဲ သူ့အိမ်သူပြန်နေကြတာမဟုတ်ဖူး 😬"
ကြက်ဥကိုအိုးထဲပစ်ထည့်၍ အိပ်ခန်းအပိုထဲမှာ စက်တော်ခေါ်နေကြသော အစ်ကိုနှစ်ယောက်ကို မေတ္တာပို့မိ၏။
ဖြစ်ပုံကဒီလို..
ဟန်းနီးမွန်းက ပြန်ရောက်လာပြီး တူတော်မောင်နှစ်ကောင်ကို အိမ်ပြန်ခေါ်သွား၏။
နာရီပိုင်းပင်မကြာ ယွန်းရှင်းရေ့ ဆိုပြီးပြန်ရောက်လာ၏။ ဘာဖြစ်လို့ဆို အငယ်လေးက မမနဲ့မှ နေချင်ပါသည်ဟုဆိုပြီး ကော့လန်နေအောင်ငိုသတဲ့။ ထားခဲ့ပေါ့ဆိုတော့ အိုဟန်နီကပါ သူ့ညီနေရင် သူပါအတူတူနေမည်ဟုဆို၏။ အဖေနှစ်ယောက်ကလဲ သူတို့သားတွေနေရင် သူတို့ပါ ဒီအိမ်မှာပဲနေမည်ဟုဆိုပြီး လေးယောက်သားတစ်ပြုံကြီး အပျိုလေးအိမ် သောင်လာတင်ကြ၏။ 😬😬😬😬ဖြစ်သင့်သလား ။ဖြစ်သင့်သလားဆို 😬
အခုတော့ အပျိုလေးတန်မဲ့ အချစ်ငှက်နှစ်ကောင် ချစ်ကြည်နူး တစ်တီတူးကြတာကို မမြင်ယောင်ဆောင်ရ။ အဟွန်းအဟမ်းနဲ့ ဖုံးရဖိရ။

ESTÁS LEYENDO
ပေါက်စတို့အိမ် 😎
Fanficပျော်ရွှင်ဖွယ်အတိပြီးသော... မြတ်နိုးဖွယ်အတိပြီးသော..... ချစ်ခြင်းတို့ဖြင့်အတိပြီးသော.... လိုအပ်ချက်ကင်းမဲ့ဇုန်...... ပေါက်စတို့ရဲ့ အိမ် ပျော်ရွှင်ဖွယ်အတိပြီးသော... မြတ်နိုးဖွယ်အတိပြီးသော... ချစ်ခြင်းတို့ဖြင့်အတိပြီးသော.... လိုအပ်ချက်ကင်းမဲ့ဇုန်.... ပ...