အပိုင်း ၃

5.4K 602 118
                                    

အွန်ဟွန်.........

လက်ထဲက ရောင်စုံကတ်ပြားလေးကို ဖင်ပြန်ခေါင်းပြန်ကြည့်နေသည်။ နှာခေါင်းလေးက တစ်ချက်ရှုံ့သည်။

"ရွှတ်"

နှာခေါင်းဝလေးဆီက တွဲလျားကျနေသော နှပ်ချေးမျှင်တန်းလေး အထဲ ပြန်ရောက်သွား၏။

"ညစ်ပတ်လိုက်တာ ဟွန်းနီရာ "

"ဗြစ်"

ဟန်လေး ကဘေးက လက်ကိုင်ပုဝါလေးနှင့် နှာခေါင်းကို အုပ်ပေးတော့ ဗြစ်ကနဲ ညစ်ထုတ်၏။

"ငြိမ်ငြိမ်နေဦး...ကိုကို အရပ်ရှည်အောင်လေ့ကျင့်ခန်းလုပ်ရဦးမှာ"

ရောင်စုံစက္ကူတွေတစ်ပွေ့ကြီးကြားမှာ ဟွန်းနီကိုထားခဲ့ ပြီး ကိုယ်တော်လေးက အပြင်ဘက် ပန်းခြုံတွေကြားထဲမှာ ထိုင်ထသွားလုပ်နေသည်။ 😂

မူလတန်း ပထမနှစ်ကျောင်းသားကြီးမို့ ပဲ ကများချင်လာတာ သဘာဝ 😩

ကျောင်းက ငယ်ပေါင်း ငယ်ဖော် သူငယ်ချင်း ခွစ် ကပြောတာ ထိုက်ထလုပ်ရင် အရပ်ရှည်တယ်ဆိုလား 😳

ပြောလို့ပြောတာမဟုတ်ဖူး ခွစ်ဆိုတဲ့ အကောင်က မူလတန်းအရွယ်ပဲ ရှိသေးတာကို အရပ်က ဟန်လေးထက် ခေါင်းတစ်လုံးလောက်ပိုမြင့်နေတော့ ကျောင်းက စပ်စလူးစိန်မလေးတွေ အသည်းအသန်ကြွေနေတာကိုလည်းမနာလိုပါ။ 😏

ဟွန်းနီရဲ့ ကိုကိုဟန်လေးဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖြစ်ကြောင်း ဟွန်းနီ ကြီးလာတဲ့အခါ ဂုဏ်ယူရအောင် အခုကတည်းက အရပ်ရှည်လေ့ကျင့်ခန်းလုပ်ရပါမည်။ 😌

"တစ် နှစ်....
သုံးလေး..... ငါးခြောက်....ခုနှစ်..ရှစ်...
ရှစ်ခွန်....ခြောက်ငါး...လေး...သုံး.....ဟန်ဟန့် အတော်ဆုံး...
တစ်နှစ်....သုံး...လေး...ငါးခြောက်....."

ထိုင်ထလုပ်နေပါသည်။ 😌

"ခွန့်...ချစ်....ချစ်..ထွန်...ခြောက်...ငါး... လေး...သုံး...
ဟွန်းနီအတော်ဆုံး..."

" တိန်"

ဟန်လေး မျက်နှာကြီး မည်းကနဲ

နောက်လှည့်ကြည့်လိုက်တော့ ပန်းခြံသေးသေးလေးထဲ ဆင်းသည့် လမ်းအဆုံး အိမ်ပေါက်ဝလေးမှာ ဟိုအသေးကောင်က ထိုင်ထလုပ်နေသည်။

ပေါက်စတို့အိမ် 😎Where stories live. Discover now