ဟမ်း..ဟမ်.....
Rrrrrrrrrrrrrrrrrr
လက်ထဲက ပေါက်စီကို အသာချပြီး တဖျတ်ဖျတ်လက်နေသော မျက်ဝန်းတွေက ဘေးကဟန်လေးပန်းကန်ထဲလှမ်းကြည့်နေသည်။
နေမကောင်းလို့ဝတ်ပေးထားတဲ့ Hoodie အဝါရောင်လေးနဲ့ ဟွန်းနီက လုံးနေသည်။
ဆန်ပြုတ်နဲ့ပေါက်စီကိုချပေးထားတာမို့ မျက်နှာလေးက ညိုကာစူပုတ်ပုတ်
ဟန်လေးသိသည်။ ထမင်းစားပွဲမှာအတူထိုင်ပြီး သူငတ်ကြီးကျရမည့်ဟင်းတွေက ဟန်လေးရှေ့ပုံနေကတည်းက အိုဟွန်းနီတို့ ဘယ်လိုဇာတ်လမ်းတွေထွင်တော့မည်ဆိုတာကိုသိသည်။
ဘေးဘက်နည်းနည်းရောက်နေသော ပုစွန်ထုပ်ပန်းကန်ကို ဟွန်းနီဘက်နည်းနည်းတိုးကာ ထမင်းကိုတုလုတ်ဝါးလိုက်၏။
ဟွန်းနီတို့ စာသင်ကျောင်းက မွေးထားသော ယုန်ဖြူလေးတွေအစာစားသလို ထမင်းကို တမြုံ့မြုံ့ဝါးနေသော ဟန်လေးနှုတ်ခမ်းရဲစုစုထွေးကို ဟွန်းနီငေးရင်း လျှာသပ်လိုက်သည်။
စားချင်တယ်
ပုစွန်ထုပ်
ရှေ့ခုံမှာ ဖုန်းကိုသည်းကြီးမဲကြီးပွတ်နေသော တီလေးယွန်းရှင်းကို မျက်လုံးကလေးလှန်ကြည့်ကာ ဇွန်းကိုဇောက်ထိုးကြီးစုပ်နေ၏။
"ကိုကိုး...."
လှုပ်စိလှုပ်စိအကောင်ပေါက်က သူ့နားတိုးလာကာ....
"ပုစွန်အခွံ..ဟွန်းနီခွာပေးမယ်"
ဂလောင်ဂလောက်ကနဲ ခေါင်းညိမ့်ပြီး သူ့ဘက်ရောက်လာသော ပုစွန်ပန်းကန်။
ရှေ့ကတီလေးက ဖုန်းကြီးထဲပြူးကြည့်နေသည်။
တစ်ကောင်ကိုဆတ်ကနဲယူကာ ဘယ်ညာဖဲ့ခွာလိုက်ပြီး
"ကိုကိုး....."
အရွက်တွေကိုပန်းကန်ထဲစုပြုံထည့်ပြီး ထမင်းကိုပလုတ်ပလောင်းဝါးနေတဲ့ဟန်လးက သူ့ဘက်လှည့်ကာ ဇွန်းကြီးမြောက်ပြီး
"စားလိုက်တော့..."
"ဟိ"
"ဒုန်း"
စားပွဲကိုအားနဲ့မာန်နဲ့ထုချလိုက်သော တီလေးကြောင့် လက်ထဲက ပုစွန်ထုတ်က ပန်းကန်ထဲ ဖုတ်ကနဲကျသွားသည်။
ကြောက်လန့်တကြားနဲ့နှစ်ကောင်သား မျက်လုံးတွ ဝိုင်း ကနဲ။
"တရုတ်ကောင်.....ဘတ်စကတ်ဘောသွားဆော့တာဆော့ပေါ့..
အခုတော့ ဟိုက နင့်ကိုတအားတွေစိတ်ဝင်စားပြီး ဖုန်းကြီးထိုင်ပွတ်နေတာလေ...
စောင်တရုတ်ကောင် &#$^@*!^!!!"
ဒေါသတကြီး ကားယားကြီး လမ်းလျှောက်ကာ ထွက်သွားသော တီလေးကို တူနှစ်ကောင်က ကြည့်နေသည်။
ပြီးတော့ တဖြည်းဖြည်းခေါင်းခါကြ၏။
ပေါက်စတို့အိမ်
TBC
A.N
Title ကအလန်း 🙄
YOU ARE READING
ပေါက်စတို့အိမ် 😎
Fanfictionပျော်ရွှင်ဖွယ်အတိပြီးသော... မြတ်နိုးဖွယ်အတိပြီးသော..... ချစ်ခြင်းတို့ဖြင့်အတိပြီးသော.... လိုအပ်ချက်ကင်းမဲ့ဇုန်...... ပေါက်စတို့ရဲ့ အိမ် ပျော်ရွှင်ဖွယ်အတိပြီးသော... မြတ်နိုးဖွယ်အတိပြီးသော... ချစ်ခြင်းတို့ဖြင့်အတိပြီးသော.... လိုအပ်ချက်ကင်းမဲ့ဇုန်.... ပ...