Baby

1.9K 198 24
                                    

Unicode:

အိုဟွန်းနီနဲ့ အိုဟန်နီက တစ်ခန်းတည်းအိပ်ပေမဲ့ တစ်ကုတင်တည်းမဟုတ်ဖူး။ ကုတင်လေးနှစ်လုံးရှိတယ်။ အိုယွန်းရှင်းက မွန်တက်ဆိုရီရူးမို့ ကုတင်လေးတွေကို ဟန်လေးနဲ့ဟွန်းနီရဲ့အရွယ်လေးတွေကွက်တိ လုပ်ပေးထားတာမို့ သေးသေးလေးတွေ။ ပြီးတော့ စာကြည့်စားပွဲလေးနှစ်ခုရှိတယ်။ ဟန်လေးနဲ့ဟွန်းနီ တက်ကပ်ခိုင်းထားတဲ့ အနုမြူကြယ်လေးတွေလည်းရှိတယ်။

လမင်းကြီးကသာနေတယ်။ အခန်းထဲမှာ လရောင်ဖြာဖြာကလေးရှိတယ်။ ရုတ်တရက်ပဲ ဟွန်းနီနိုးလာတယ်။ သူ့ဘောင်းဘောင်းကိုကိုင်လိုက်တယ်။

သေးပေါက်ချင်လိုက်တာ...!

"ကိုကို..."

ဟန်လေးကိုနိုးရင်း ဟွန်းနီက ကုတင်အောက်ဆင်းဖို့ပြင်တယ်။ သုံးနှစ်ပြည့်ပြီးခါစ အိုဟွန်းနီလေးက အခုထိတစ်ယောက်တည်း သန့်စင်ခန်းမသွားရဲပါဘူး။

ကုတင်ကသေးသေးလေးပေမဲ့ နည်းနည်းမြင့်နေတော့ ဟွန်းနီ ဆင်းရတာအဆင်မပြေပါဘူး။ နေ့တိုင်း သူကုတင်ပေါ်ကနေ ဟန်လေးမကူပဲ ဆင်းတဲ့အခါ လုပ်နေကြရှိတာက ခေါင်းအုံးကိုပစ်ချတာ။ အပိုခေါင်းအုံးလေးကို ကုတင်အောက်ပစ်ချလိုက်တယ်။ ဘေးစောင်းလှိမ့်ဆင်းတော့ ဘောင်းဘီတိုတိုလေးနဲ့ အိုဟွန်းနီ ရဲ့ မက်မွန်သီးလုံးလုံးလေးတွေက တအိအိနဲ့!

"ကိုကိုး...."

ဟန်လေးနိုးလာတော့ ဟွန်းနီက ခြေတစ်ဖက်မမှီ့တမှီနဲ့ ကုတင်စောင်းမှာ တန်းလန်းကြီး။ အပေါ်လည်းမဟုတ် အောက်လည်းမဟုတ်။

"ချီ..."

ဟွန်းနီရဲ့ကျောကနေ နေပြီး ချိုင်းအောက်ကိုလက်လျှိုလိုက်တယ်။ မလိုက်တဲ့အတိုင်း ခွေးပေါက်ကလေးလို လုံးလုံးကုတ်ကုတ်လေးပါလာရော။

"ရှူရှူးပေါက်ချင်လို့လား အိုဟွန်းနီ..."

မျက်လုံးကိုဖြည်းဖြည်းချင်းပွတ်ရင်း ဟန်လေး သမ်းဝေလိုက်တယ်။ နူးနူးညံ့ညံ့အသံလေးမှာ သန်းခေါင်သန်းလွဲ ထရလို့ စိတ်ပျက်ညည်းညူခြင်းတွေမပါဘူး။

ဟန်လေးက အိုဟွန်းနီလက်ကလေးကို ကောက်ဆွဲပြီး အခန်းတံခါးကိုဖွင့်လိုက်တယ်။ မီးရောင်က ဖြာကနဲ..လင်းတယ်။

.......

.Zawgi:

အိုဟြန္းနီနဲ႕ အိုဟန္နီက တစ္ခန္းတည္းအိပ္ေပမဲ့ တစ္ကုတင္တည္းမဟုတ္ဖူး။ ကုတင္ေလးႏွစ္လုံးရွိတယ္။ အိုယြန္းရွင္းက မြန္တက္ဆိုရီ႐ူးမို႔ ကုတင္ေလးေတြကို ဟန္ေလးနဲ႕ဟြန္းနီရဲ႕အ႐ြယ္ေလးေတြကြက္တိ လုပ္ေပးထားတာမို႔ ေသးေသးေလးေတြ။ ၿပီးေတာ့ စာၾကည့္စားပြဲေလးႏွစ္ခုရွိတယ္။ ဟန္ေလးနဲ႕ဟြန္းနီ တက္ကပ္ခိုင္းထားတဲ့ အႏုျမဴၾကယ္ေလးေတြလည္းရွိတယ္။

လမင္းႀကီးကသာေနတယ္။ အခန္းထဲမွာ လေရာင္ျဖာျဖာကေလးရွိတယ္။ ႐ုတ္တရက္ပဲ ဟြန္းနီနိုးလာတယ္။ သူ႕ေဘာင္းေဘာင္းကိုကိုင္လိုက္တယ္။

ေသးေပါက္ခ်င္လိုက္တာ...!

"ကိုကို..."

ဟန္ေလးကိုနိုးရင္း ဟြန္းနီက ကုတင္ေအာက္ဆင္းဖို႔ျပင္တယ္။ သုံးႏွစ္ျပည့္ၿပီးခါစ အိုဟြန္းနီေလးက အခုထိတစ္ေယာက္တည္း သန့္စင္ခန္းမသြားရဲပါဘူး။

ကုတင္ကေသးေသးေလးေပမဲ့ နည္းနည္းျမင့္ေနေတာ့ ဟြန္းနီ ဆင္းရတာအဆင္မေျပပါဘူး။ ေန႕တိုင္း သူကုတင္ေပၚကေန ဟန္ေလးမကူပဲ ဆင္းတဲ့အခါ လုပ္ေနၾကရွိတာက ေခါင္းအုံးကိုပစ္ခ်တာ။ အပိုေခါင္းအုံးေလးကို ကုတင္ေအာက္ပစ္ခ်လိဳက္တယ္။ ေဘးေစာင္းလွိမ့္ဆင္းေတာ့ ေဘာင္းဘီတိုတိုေလးနဲ႕ အိုဟြန္းနီ ရဲ႕ မက္မြန္သီးလုံးလုံးေလးေတြက တအိအိနဲ႕!

"ကိုကိုး...."

ဟန္ေလးနိုးလာေတာ့ ဟြန္းနီက ေျခတစ္ဖက္မမွီ့တမွီနဲ႕ ကုတင္ေစာင္းမွာ တန္းလန္းႀကီး။ အေပၚလည္းမဟုတ္ ေအာက္လည္းမဟုတ္။

"ခ်ီ..."

ဟြန္းနီရဲ႕ေက်ာကေန ေနၿပီး ခ်ိဳင္းေအာက္ကိုလက္လွ်ိုလိုက္တယ္။ မလိုက္တဲ့အတိုင္း ေခြးေပါက္ကေလးလို လုံးလုံးကုတ္ကုတ္ေလးပါလာေရာ။

"ရႉရႉးေပါက္ခ်င္လို႔လား အိုဟြန္းနီ..."

မ်က္လုံးကိုျဖည္းျဖည္းခ်င္းပြတ္ရင္း ဟန္ေလး သမ္းေဝလိုက္တယ္။ ႏူးႏူးညံ့ညံ့အသံေလးမွာ သန္းေခါင္သန္းလြဲ ထရလို႔ စိတ္ပ်က္ညည္းၫူျခင္းေတြမပါဘူး။

ဟန္ေလးက အိုဟြန္းနီလက္ကေလးကို ေကာက္ဆြဲၿပီး အခန္းတံခါးကိုဖြင့္လိုက္တယ္။ မီးေရာင္က ျဖာကနဲ..လင္းတယ္။

.......

ပေါက်စတို့အိမ် 😎حيث تعيش القصص. اكتشف الآن