👑 အနာဂတ် ချစ်သူ 👑
=================
Part-1
=====1958...မြန်မာနိုင်ငံ.၊
ရွှေနန်းစံ အိမ်တော်..၊
အိမ်ကြီးက အုပ်နီတွေနဲ့တည်ဆောက်ထားသဖြင့် နီရဲဖောင်းကြွနေသည်။အဝေးကကြည့်ရင် ရဲတိုက်ကြီးသဖွယ် ဟီးထလှပနေသည်။သို့ပေမယ့်.. ၊
ရွှေနန်းစံ အိမ်ကြီးရဲ့အခန်းတစ်ခန်းတွင်...၁၈နှစ်အရွယ် မိန်းကလေးတစ်ယောက် ဒူးလေးပိုက် ထိုင်နေသည်။
သူမက အဖြူရောင် ချိတ်ထဘီနဲ့ ရင်ဖုံးအဖြူရောင် ရင်စေ့လက်ရှည်ကို ဝတ်ထားသည်။ပိတုန်းနက်လို နက်မှောင်နေသော အုံခဲထူပိတ်နေသောဆံပင်က ဒူးပေါ်မျက်နှာမှောက်ထားသဖြင့် ကျောတပြင်လုံးက ပိုးပုဝါအနက်ကိုလွှမ်းခြုံထားသလို ဆံပင်တွေနဲ့ဖုံးလွှမ်းနေသည်။"ချစ်လေး "
ထိုမိန်းကလေးနာမည်က "ချစ်တေးအလင်္ကာ"
တိုးသိပ်သော ခေါ်သံနဲ့အတူ သူမရဲ့အထိန်းတော် ကြီးဝါနုက အနားရောက်လာသည်။
"ဒီတစ်ခါလည်း သတို့သား မရောက်လာဘူးမလား.."
ခေါင်းမော့မေးလာသည့် သူမရဲ့မျက်ဝန်းလေးတွေက ကြယ်လေးတွေလို တဖျက်ဖျက် လက်နေသည်။သို့ပေမယ့် မျက်ရည်ဝိုင်းနေတာကြောင့် မြေခတော့မယ့်ပုလဲလုံးလေးတွေလို၊
"မဟုတ်ပါဘူး ဓားပြတွေ လမ်းခရီးမှာရှိနေလို့..အချိန်မှီမရောက်နိုင်တာပါ"
"အကြောင်းပြတာပါ ကြီးဝါနုရယ်.."
ကြီးဝါနုက ၆၀အရွယ် ချစ်လေးကို ငယ်ငယ်ကတည်းက ထိန်းကျောင်းလာတဲ့ ကလေးထိန်းဖြစ်သည်။ ချစ်လေးကတော့ ကြီးဝါနုဟု ရင်းနှီးစွာ ခေါ်သည်။ကြီးဝါနုက ဘီးယူပြီး ချစ်လေးဆံပင်တွေကို စိတ်ရှည်စွာ ဖြီးပေးသည်။ဆံပင်တွေက ဖြီးလေပိုတောက်ပြောင်လေဖြစ်ကာ..နုညံ့ပျော့ပျောင်းနေသည်။
"သူတို့ ချစ်လေးကို မလိုချင်လို့.."
"မဟုတ်ရပါဘူး ချစ်လေးက ဒီလောက်ကြွေရုပ်လေးလို လှတာ ဘယ်သူက မလိုချင်ဘဲနေမလဲ."
"ဒါပေမဲ့ ချစ်လေးကို လာစေ့စပ်တဲ့အမျိုးသားတိုင်း ကံဆိုးပြီးသေရင်သေ မဟုတ်ရင် တစ်ခုခုဖြစ်သွားကြတော့..သူများတွေက ပြောနေကြပြီ ချစ်လေးက လူစားတဲ့သတို့သမီးတဲ့.."