Part -15

2.2K 53 0
                                    

👑 အနာဂတ် ချစ်သူ 👑
=================
Part-15
======

"ကိုယ်နဲ့လက်မထပ်ချင်လို့ ပြန်ပြေးဖို့လုပ်နေတာလား.."

"ဟင် "

ချစ်လေး အသံကြောင့် သမင်လည်ပြန် လှည့်ကြည့်သည်။

"ရှိန်.."

ရှိန်က ထူထဲသော မျက်ခုံးအစုံကို တွန့်ကုပ်ပြီး.ကြည့်နေတာကြောင့် ပြောတာတွေက အထစ်အငေါက်၊

"အဲ အဲဒါက အဲလိုမဟုတ်ဘူး..ဒီအတိုင်း ဝါလေးနဲ့.."

ရှိန်က လက်ပိုက်လိုက်ပြီး၊

"ဆက်ပြော "

ဆက်ပြောဆိုမှ ဘယ်လိုရှင်းပြရမှန်းလည်းမသိတော့ဘဲ ချစ်လေး အားကိုးတကြီး ဝါလေးကို လှမ်းကြည့်သည်။

"ငါ သွားတော့မယ် ."

"မဟုတ်ဘူးလေ ငါနဲ့အတူ သွားမယ် စောင့်ဦး.."

"ဒါက ဘယ်လဲ."

နောက်ကနေ အင်္ကျီလည်ပင်းကို ရှိန်က လှမ်းဆွဲထားသဖြင့်.ချစ်လေး ဝါလေးနောက်က မလိုက်နိုင်ဖြစ်သွားရသည်။

"ဝါလေး တစ်ယောက်တည်း အောက်ဆင်းသွားလို့မရဘူးလေ"

"ဟိုမှာ မာလာရော၊ဒရိုင်ဘာပါရော ပါတယ်."

ချစ်လေး လှမ်းကြည့်တော့ မာလာက ဘယ်အချိန်ကရောက်နေမှန်းမသိလိုက်ဘဲ ဒေါ်ဝါဝါရှိန်ကို အပြေးလာတွဲသည်။

"ဟုတ်လား ဒါဆိုလည်း ပြန်မယ်လေ."

ချစ်လေး ခြေလှမ်း တကြွကြွဖြစ်နေတာကို ရှိန်က တမင်ပင် မသိချင်ယောင်ဆောင်ကာ၊

"ခုမှ ဘာလို့ အသည်းအသန် ပြန်ချင်နေရတာလဲ.ခုနက ဘယ်ကို သွားမလို့လုပ်နေတာလဲ အတူသွားမယ်လေ."

"ရှိန်. "

"ဘာလဲ "

ချစ်လေး ခေါ်တာကို ရှိန်က ပုခုံးတွန့်ပြီး မချေမငံပြန်ထူးသည်။

"ရှင် တမင်လုပ်နေတာမလား."

"ဘာကိုလဲ "

"ချစ်လေး အိမ်ကို ပြန်မှာသိလို့."

"မင်းအိမ်က ဘယ်မှာမို့လဲ ဒီမှာ ရှိနေတာမလား "

"ရှင်သိသားနဲ့."

အနာဂတ်ချစ်သူ Where stories live. Discover now