👑 အနာဂတ် ချစ်သူ 👑
=================
Part-5
====="အဘွား "
"ဟေ"
ရှိန် ခေါ်သံကြောင့် ဒေါ်ဝါဝါရှိန်က ပန်းအိုးထိုးနေရင်းမှ လှည့်ကြည့်သည် ။
"ဟို ဘွားကောင်မလေးရော.."
"ဘယ်သူလဲ ချစ်လေးလား."
"အင်း "
ရှိန် ခေါင်းညိတ်လိုက်တော့ ဒေါ်ဝါဝါရှိန် မျက်ခုံးပင့်သွားသည်။
"ဘာလို့လဲ "
"ဘွားက သူ့ကို ခေတ်မီစေချင်တယ်ဆို အဲဒါ ညနေ မွေးနေ့ပွဲကို ခေါ်သွားပေးရမလားလို့."
"ဟယ် ဟုတ်လား ဘယ်သူ့မွေးနေ့လဲ"
"သူရိန်"
"ကောင်းသားပဲ ခေါ်သွားလေ ခုတော့ ချစ်လေး အလုပ်သမားအဆောင်မှာထင်တယ်"
"အဲမှာ ဘာသွားလုပ်နေတာလဲ "
"မသိတာတွေ သိအောင်လို့တဲ့."
ရှိန် လှည့်ထွက်သွားတော့ ဒေါ်ဝါဝါရှိန် ပြုံးလိုက်သည်။ဟိုနေ့က ဒေါ်ခင်ထိုက်ထိုက်ပြောနေတာ ကြားပါသည်။
"တောကတက်လာပုံနဲ့ ပုံတုံးကြီးနဲ့အထူအပါးနားမလည်တဲ့သူတဲ့."
ဒေါ်ဝါဝါရှိန် ထိုစကားကြားပြီး..ပြန်ပြောချင်တာ လျှာကိုယားလို့၊
"မြန်မာဝတ်စုံ ဝတ်ထားပြီး အတွင်းစိတ်ထဲ ပိုးထိုးနေတဲ့သူမှ တစ်ပုံကြီး."တဲ့။
နေဦး သူ့ထက် ခေတ်မီနေအောင် ချစ်လေးကို လုပ်ကိုလုပ်ပေးဦးမယ်။
"ဘယ်လောက်လှလှ ပွဲမတိုးတဲ့ မိန်းမက အလကားပဲ."
ထိုစကားကြောင့်ပင် ချစ်လေးကို သူမ ပွဲတွေ တက်ခိုင်းဦးမယ်။
သူမဘာသာ စိတ်ကူးနဲ့အဆင်ပြေနေပေမဲ့ ချစ်လေးတစ်ယောက်ကတော့ တစ်ဖက်အဆောင်တွင် ပွဲစည်နေသည်။
"ဂုဏ်တောက်ရှိန်"အိမ်မကြီးတွင် ထမင်းချက်တဲ့မီးဖိုချောင်မရှိ၊အလုပ်သမားသေည့် အဆောင်တိုက်နှစ်ထပ်ဖြစ်တဲ့ အောက်ထပ်တစ်ခုလုံးက စားသောက်ပွဲအတွက် ပြင်ဆင်ရသည်။အပေါ်ထပ်က အလုပ်သမားတွေ နေသည်။မလိုအပ်ဘဲ အိမ်မကြီးဆီ ဘယ်သူမှ မလာရ။