👑 အနာဂတ် ချစ်သူ 👑
=================
Part-8
====="အင်္ကျီက စိုကုန်ပြီ"
ခဏနေမှ ချစ်လေးက အငိုတိတ်ပြီး..သူ့ကို မော့ပြောသည်။
"ကိစ္စမရှိဘူး မင်း ငိုလို့ဝရင် သွားရအောင် "
ရှိန် လက်ဖဝါးဆုပ်ကိုင်တာကို ချစ်လေး တွေတွေလေး ကြည့်နေမိပြီး နောက်ကလိုက်လာသည်။
"ချစ်လေး ငိုနေလို့ ရှင်ရပ်နေတာလား"
"မင်း ဘယ်လိုထင်လဲ ကိုယ်ခြေထောက်ညောင်းလို့ ရပ်နေတဲ့ပုံပေါ်လား."
"ဟင့်အင်း."
"ဟုတ်တယ် မင်းငိုနေလို့ ရင်ခွင်ငှါးပေးတာ.."
"ဟင် "
ချစ်လေး..မော့ကြည့်တာကို ရှိန်က ငုံ့မိုးကြည့်ပြီး ၊
"နောက်ဆို တစ်ခုခုဖြစ်ရင် ဖုန်းဆက်ရမယ် ကြားလား..ကလေးလိုမျိုး ထိုင်ငိုနေတော့ လူတွေ ဘယ်လိုထင်မလဲ."
"ဘယ်လိုထင်ကြလို့လဲ.."
"အရူးမလေးလို့ပေါ့."
"အယ် ချစ်လေးက မရူးပါဘူး "
"ဟုတ်တယ် မင်းမရူးဘူး..ကလေးလိုမျိုးဖြစ်နေတာ မင်းအသက် ဘယ်လောက်ရှိပြီလဲ.."
"၁၈နှစ်လို့တော့ ထင်တာပဲ."
"ထင်တာပဲ ဆိုတော့ အတိအကျမသိတာလား မွေးသက္ကရာဇ် မှတ်မိလား.."
"အင်း မှတ်မိတယ်..1940."
"ဘာ..နောက်နေတာလား..မင်းသက္ကရာဇ်က အဘွားနဲ့အတူတူပဲ."
"ဟုတ်တယ်လေ..အတူတူပဲ အဲ..အဲဒါက "
ချစ်လေး..တအဲအဲဖြစ်နေတုန်းမှာပင် ဒေါ်ဝါဝါရှိန်နဲ့မာလာတို့ရှိရာကို ရောက်လာသည်။
ဒေါ်ဝါဝါရှိန်က ချစ်လေးကို မြင်သည်နဲ့ ဝမ်းသာအားရ လာဖက်သည်။
"ချစ်လေးရယ် ဘယ်နားကျန်ခဲ့တာလဲ..နင်မပါမှန်းသိတော့ ငါဖြင့်ထူပူသွားတာပဲ.."
"တောင်းပန်ပါတယ် ငါ..ပူဖောင်းသည်မြင်ပြီး အဘိုးကို သတိရလို့ရပ်ကျန်ခဲ့တာ.."
ချစ်လေးရဲ့ငိုထားပုံပေါ်တဲ့မျက်လုံးကို ကြည့်ပြီး ၊
"ကဲပါ..ဘာမှမဖြစ်ဘူး ပြန်တွေ့ပြီပဲဟာ..ဟိုမှာကြည့်စမ်း.."