👑 အနာဂတ် ချစ်သူ 👑
=================
Part-26
======အာရုဏ်ချိန်. ၊
"ရှိန်..ထတော့လေ ကိုယ့်အခန်းကိုပြန်တော့."
ချစ်လေး တံတောင်နဲ့ တွက်နိုးပေမဲ့ ရှိန်က မျက်လုံးမပွင့်၊
"နေပါဦးကွာ..မိုးလင်းခါနီးပဲရှိသေးတာကို.."
"ဒါပေမဲ့ မရဘူးလေ ချစ်လေး ဆွမ်းတော်ကပ်ဖို့ ထရတော့မယ်."
ရှိန်က ချစ်လေးခါးကို ဖက်ထားတာကို မလွှတ်ပဲ အိပ်ယာကလည်း မထ၊
"ငါးမိနစ်ပဲကွာ..ငါးမိနစ်လေးပဲ.."
ရှိန်ကို ပြောမနိုင်သဖြင့် ချစ်လေးပါ ငြိမ်သက်နေရသည်။
ထိုစဉ်... ၊
"ဒုန်းဒုန်း... "
တံခါးထုသံနဲ့အတူ..၊
"မြေး ဆွမ်းတော်ကပ်ဖို့ ထတော့လေ.."
"ဟင်.."
ချစ်လေး ငုတ်တုတ်ထထိုင်သည်။
"မြေး..တစ်ခုခု ဖြစ်နေတာလား..တံခါးက ဘာလို့ ဂျက်ချထားတာလဲ.တံခါးလာဖွင့်ပေး."
"လာပြီ လာပြီ အဘိုး.ချစ်လေး အိပ်ပျော်သွားလို့.."
ချစ်လေး အော်ပြောပြီး.. ရှိန်ကျောကုန်းကို ဘုန်းခနဲ့ထုသည်။
"မြန်မြန်ထ အဘိုးရောက်နေပြီ.."
"ဟင် ဘယ်သူ.."
"အဘိုးပါဆို..ထ..ပြန်တော့.."
ရှိန် မျက်လုံးအစုံ ပြူးကျယ်ရုံမက..ထရပ်ပြီး တံခါးဆီပြေးသည်။
"ဘယ်သွားနေတာလဲ အဘိုးက တံခါးဝမှာ.."
"ဟုတ်လား "
ရှိန်.ပြတင်းပေါက်ဆီ ပြေးပြန်သည်။ထို့နောက်အောက်ကို ငုံ့ကြည့်ရင်း ၊
"ဒီက ခုန်ချရမှာလား."
"အင်းပေါ့ လာတုန်းကလဲ ဒီအတိုင်းလာတဲ့ဥစ္စာ.."
"မတူဘူးလေကွာ..ဒီရောက်ပြီးမှတော့မသေချင်တော့ဘူး.."
"မြေး မပြီးသေးဘူးလား ဘာတွေတိုးတိုးပြောနေတာလဲ.ကြီးဝါနု ကူညီဖို့ ဝင်လာလိမ့်မယ်.တံခါးဖွင့် "