👑 အနာဂတ် ချစ်သူ 👑
=================
Part-9
=====ယာမကာဘား.၊
"ဟားဟား ဟား.."
ရှိန်ရယ်တာက အားရပါးရ သဘောတကျ၊
"ရူးများသွားပြီလား.."
သူရိန် ပြောတာကို ရှိန်က စိတ်မဆိုးဘဲ အတင်းတည်ထားရတဲ့မျက်နှာနဲ့ လှည့်ကြည့်သည်။
"မင်းမသိဘူး..တကယ်အသည်းယားဖို့ကောင်းတာ.ဘယ်လိုချစ်ဖို့ကောင်းမှန်းလည်း ပြောမပြတတ်ဘူး"
သူရိန်က ရှေ့က ခွက်ကို မော့သောက်ပြီး၊
"ဒါ ပြောဖို့ ငါ့ကို ဘားကိုခေါ်တာလား"
"အေးလေ.ပြောစရာလူက မင်းပဲရှိတာကို."
"ရူးတာတောင် ရင့်နေပြီပဲ.."
"တကယ်ကွာ နေမကောင်းလို့ နီမြန်းနေတဲ့ပါးလေးကလည်း..ဘယ်လိုတောင် နုညံ့နေရတာလဲ.."
"အေးပါ နှာဘူးကောင်ကြီးရဲ့"
"ဟဟ မင်းမချစ်ဖူးလို့..နမ်းပြီးရင်းနမ်းချင်ပဲ..သူငိုသွားမှာစိုးလို့သာ"
"ဟိုက မင်းကို လူယုတ်မာကြီးလို့ ထင်နေလောက်ပြီ"
"မထင်ပါဘူး ငါမှ ထပ်မနမ်းတော့တာ.."
"ဟိုက အဖြေတောင်မပေးရသေး..ကြပ်ကြပ်လုပ်နေ အိမ်က ထွက်ပြေးသွားမှ.ဟတ်ကော့ကြီးကျန်ခဲ့မှာ မြင်ယောင်သေးတယ်"
"ဟင် "
ဒါတော့ ရှိန် မျက်နှာပျက်သွားသည်။
"သူ ထွက်သွားလို့မရဘူး"
"ငါပြောစရာရှိသေးတယ်..ငါလည်းဘယ်လိုမှမတတ်နိုင်လို့"
"ဘာလဲ "
"ချစ်လေး ဖုန်းနံပတ်ကို သျှန်အတင်းတောင်းလို့ ပေးလိုက်ရတယ်"
"ဘာ"
"ဖြည်းဖြည်းအော်ပါကွ.ငါလည်း..မင်းအဲလောက်ရောဂါရင့်နေမယ်လို့ မထင်ထားတာ..ဒီအတိုင်း အပျော်စနေတာလားလို့"
"အပျော်စနေတာနဲ့ တူလို့လားကွ.ချစ်လေးက ငါ့အတွက်ပဲ ဘယ်သူ့မှမပေးနိုင်ဘူး "
"ဟုတ်ပါတယ် ချစ်လေးက မင်းအရုပ်ပါ.."
"သူရိန်"