👑 အနာဂတ် ချစ်သူ 👑
=================
Part-12
======"အမေ"
မျက်နှာရှေ့လာရပ်ခေါ်တဲ့ ဒေါ်ခင်ထိုက်ထိုက်ကြောင့် ဒေါ်ဝါဝါရှိန် အံသြသွားသည်။
"ထူးထူးဆန်းဆန်းပါလား.ဘာကိစ္စရှိလို့လဲ ."
"အမေ ကြည့်ပြီး ဆုံးဖြတ်ပေါ့.."
ဒေါ်ခင်ထိုက်ထိုက်က ပြောပြီး လက်တော့ကို ဒေါ်ဝါဝါရှိန်ရှေ့ လာချသည် ။
လက်တော့ထဲတွင်..၊"အရမ်းချစ်တတ်တဲ့ ယောက်ျား "
ထိုခေါင်းစဉ်နဲ့အတူ..ရှိန်က ချစ်လေးကို ပန်းခြံထဲတွင် ကျစ်ဆံမြီး ကျစ်ပေးနေတဲ့ ပုံဖြစ်သည်။
"ဒါ ဒါက "
ဒေါ်ဝါဝါရှိန် ယုံလည်းမယုံနိုင်သလို..ဆွံ့အမှင်တက်နေမိသည်။
"မဖြစ်ဘူးလို့ အမေထင်နေတာမလား."
"အိုအေ.ဒီအတိုင်း ရိုးရိုးလဲ ဖြစ်နိုင်တာပဲ."
"အမေ"
ဒေါ်ခင်ထိုက်ထိုက် ခပ်ဆက်ဆက် ခေါ်သည်။သူမမျက်နှာက ပျော့ပျောင်းခြင်းမရှိ တင်းနေကာ.၊
"ဒီလိုမျိုး ဖြစ်လာမှာကို သမီးမြင်နေလို့..အစကတည်းက တားခဲ့တာ "
ဒေါ်ဝါဝါရှိန် လက်တော့ထဲက ဓာတ်ပုံကိုကြည့်ပြီး ဘာမှ မပြောနိုင် ။
"သားလူပျိုရှိတဲ့အိမ်မှာ.ငယ်ရွယ်တဲ့မိန်းကလေးခေါ်ထားတာက အစကတည်းကမဖြစ်သင့်တာ.."
"နင်က ကိုယ့်သားကို မယုံတာလား"
"အိုးး သားကို ဘာလို့မယုံရမှာလဲ သားက သမီးရှင်တိုင်းလိုချင်တဲ့ သမက်မျိုး."
"နင်ပြောတာက ချစ်လေးကပဲ.."
"ဒါပဲ ရှိတာကို သားကမိန်းကလေးတွေနဲ့ရောရောနှောနှောနေတတ်တာလည်းမဟုတ်ဘူး.."
"နင်ပြောသလိုဆို ချစ်လေးကလည်း ယောက်ျားတစ်ယောက်ကို ဘယ်လိုသွေးဆောင်ရမှန်းတောင် သိတဲ့သူမဟုတ်ဘူး."
ဒေါ်ဝါဝါရှိန်နဲ့ဒေါ်ခင်ထိုက်ထိုက် အကြည့်တို့ ဆုံသွားသည်။
"အိုး.ဘာပဲဖြစ်ဖြစ် ဘယ်ကလာမှန်းမသိတဲ့မိန်းကလေးကို ချွေးမ မတော်နိုင်ဘူး.."