👑 အနာဂတ် ချစ်သူ 👑
=================
Part-22
======ချစ်လေး..မြင်နေရတဲ့သူကို မယုံနိုင်ဖြစ်သွားရသည်။နှုတ်ကလည်း အလိုအလျောက် ထွက်ကျသွားရသည်။
"သျှန်."
သို့ပေမဲ့..ချစ်လေး အထင်လွဲသွားသည်။သူမ ရှိနေတာက ၂၁ရာစုမဟုတ်၊
"မင်္ဂလာပါ ချစ်တေးအလင်္ကာ ကျွန်တော် နန္ဒစောပါ."
"နန္ဒစော.."
နန္ဒစောက.ချစ်လေးကို ဖော်ရွှေစွာ ပြုံးပြပြီး ခေါင်းညိတ်သည်။နန္ဒစောက သျှန်နဲ့ခွဲမရအောင် တစ်ပုံစံတည်းတူနေပေမဲ့ ဝတ်ဆင်ထားတဲ့ပုံကတော့ ဆီနဲ့ရေလို ကွာခြားနေခဲ့သည်။နန္ဒစောက ယောပုဆိုးနဲ့ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ထားသည်။ဂုတ်မထိတထိ ဆံပင်ကိုလည်း ဆီအပြောင်လိမ်းပြီး ဘေးတစ်စောင်းခွဲထားသည်။ဘယ်နေရာပဲကြည့်ကြည့် နန္ဒစောက ရှင်းသန့်ချောမောနေခဲ့သည်။
ချစ်လေး ဝင်ထိုင်တော့ နန္ဒစောပါ.ပြန်ထိုင်သည်။
"ရှင့်ကို ဒီနေ့မလာနဲ့လို့ပြောတာကို."
"ကျွန်တော် မော်တော်ကားနဲ့လာခဲ့တာပါ.ပြီးတော့ မိသားစုမပါဘဲ တစ်ယောက်တည်းပါ.ကျွန်တော် ချစ်တေးအလင်္ကာ စကားကို နားမထောင်သလိုမဖြစ်ပါဘူးနော်.."
ချစ်လေး မငြင်းနိုင်ပေမဲ့ မျက်နှာလေး မော့ချီထားလိုက်သည်။
"ဒါဆို ဘာလို့လာတာလဲ ဘာကိစ္စရှိလို့လဲ"
"ကျွန်တော်တို့ အတိုင်းအတာတစ်ခုထိ ရင်းနှီးချင်လို့ပါ.."
"အယ် "
ချစ်လေး ကိုယ်တိုင်ပြောခဲ့တဲ့ စကားမို့ အယ်ခနဲ့ဖြစ်သွားသည်။
"ကျွန်မမှာ ချစ်သူရှိတယ်."
"ဘယ်သူလဲ ဘယ်အိမ်ကလဲ."
"ဂုဏ်တောက်ရှိန် စံအိမ်က."
နန္ဒစောက..မျက်ခုံးလေး တွန့်ပြီး ချစ်လေးကို ပြုံးကြည့်သည်။
"မရှိတဲ့ စံအိမ်နာမည်ပဲ."
"ဘာ.ဘာလို့မရှိတာလဲ.."
"ဘာလို့မရှိဆို မင်း ညာနေလို့ပေါ့.."
"ဟင် "