Part -23

2K 37 0
                                    

👑 အနာဂတ် ချစ်သူ 👑
=================
Part-23
======

လသာဆောင်၊

"ဂျောက်.."

အရက်ခွက်ထဲကို ရေခဲတုံးပစ်ကျသွားတဲ့ အသံက တိတ်ဆိတ်တဲ့ ညကို ထိုးဖောက်သွားသည်။ရှိန်က..ပက်လက်ကုလားထိုင်တွင် စန့်စန့်ကြီးခါးတစ်ဝတ်ကျိုးပက်လက်ထိုင်နေပြီး.အရက်ခွက်တွေကို တစ်ခွက်ပြီး တစ်ခွက်သောက်နေခဲ့သည်။

"ဟား...လွမ်းလိုက်တာကွာ"

ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိဘဲ မျက်စိရှေ့မှာပျောက်သွားတဲ့ချစ်သူကို ဒီအတိုင်း မျှော်နေရတာက မဟုတ်သေးဘူး.။

အဘွားနဲ့အမေက မျက်စိဒေါက်ထောက်ကြည့်နေကြသည်။အရက်မသောက်ဖို့ ဝိုင်းဝန်းဖျောင်းဖျကြပေမဲ့ အစားထိုးမရတဲ့နေရာကြီးကိုကြည့်ပြီး..သူဘယ်လို အင်အားနဲ့အသက်ရှင်နိုင်မလဲ။

မှိတ်တုတ် မှိတ်တုတ် ကြယ်တွေကိုမော့ကြည့်ပြီး..ခပ်တိုးတိုးရေရွတ်မိသည်။

"လွမ်းတယ် ချစ်လေးရယ်"

မင်းဘာဖြစ်နေမှန်းမသိရတဲ့ဒုက္ခက ရင်ဖက်ကြီးလောင်ကျွမ်းမတတ် ပူလောင်သည်။မင်းရဲ့အတိတ်ကို ပြန်ရောက်သွားတယ်ဆိုရင် ကိုယ့်ကိုများ.မင်းမေ့နေပြီလား..၊စက်ရှိန်ဝါဆိုတဲ့ မင်းကို သိပ်ချစ်တဲ့လူသားတစ်ယောက်ကို မေ့နေပြီလား၊

ထိုစဉ်... ခြေသံနဲ့အတူ ဒေါ်ဝါဝါရှိန် အနားရောက်လာသည်။

"မြေး "

ရှိန်က မထူးပဲ ခေါင်းငိုက်စိုက်ကျနေသည်။

"သူ အဆင်ပြေနေမှာပါ.."

"ကျွန်တော် အဆင်မပြေဘူး ဘယ်လိုမှ သူမရှိဘဲ နေကြည့်လို့မရဘူး.."

"ဒါပေမဲ့ ဟိုတစ်ခါလိုမျိုး ကားရှေ့တော့ပြေးမဝင်ပါနဲ့မြေးရယ်.မင်းအမေဆို ခုထိ တုန်လှုပ်နေဆဲ."

"ကျွန်တော် ဘယ်လို လုပ်ရမလဲအဘွား..ချစ်လေးကို ကျွန်တော်အရမ်းတွေ့ချင်တယ်."

"မင်း သတ်သေရင် သေသွားမှာပဲရှိမယ် ချစ်လေးဆီမရောက်ဘူး ဒါက.သဘာဝလွန်အဖြစ်အပျက်.မင်းတို့ ကံမှန်လို့တွေ့ဆုံခဲ့ပြီးပြီ.ကံမကုန်ရင် ပြန်ဆုံတွေ့မှာပါ.."

အနာဂတ်ချစ်သူ Where stories live. Discover now