Prologue

4.5K 259 3
                                    

ရှောင်းကျန့်က အနေအေးတဲ့ ပန်းဆိုင်ပိုင်ရှင်လေးပါ။သူ့ကြည့်လိုက်ရင် အမြဲပြုံးလို့။ပန်းကလေးတွေလို နွေဦးရဲ့လေပြေလေးလို ဒီပန်းဆိုင်ပိုင်ရှင်လေးရဲ့ အပြုံးကအေးချမ်းပြီးချိုမြလို့ရယ်။

" ရှောင်းကျန့်ကော ကောင်မလေးနဲ့သွားဒိတ်မလို့ ဘယ်လိုပန်းစည်းပေးသင့်လဲ အကြံပေးပါဦးဗျာ။ "

အဝတ်အစားကို ပုံမှန်နေ့ရက်တွေထက် အသပ်ရပ်ဆုံးဝတ်ထားတဲ့ ကျစ်မော့ကိုမော့ကြည့်လိုက်ပြီး သူပြုံးလိုက်တယ်။လူငယ်လေးတွေများ ချစ်သူနဲ့တွေ့ရမယ်ဆို တက်ကြွနေပါရောလား။

" အဝါရောင်ကျူးလစ်ကို လှလှလေးစည်းပေးလိုက်မယ်။အဓိပ္ပာယ်က မင်းရဲ့အပြုံးကနေရောင်ခြည်လေးလို တောက်ပတယ်ဆိုတဲ့
အဓိပ္ပာယ်လေ။ကဒ်‌ထည့်ချင်သေးလား။"

ရှောင်းကျန့်မေးတော့ ကျစ်မော့က စိတ်လှုပ်ရှားဟန်နဲ့ ခေါင်းကိုတဆတ်ဆတ်ငြိမ့်တယ်။ကြက်ပေါက်လေးတွေ အစာကောက်နေတာနဲ့တောင် ဆင်တူသေး။

" ဟိုနားကစင်ပေါ်မှာ ဘောပင်ရှိတယ်။ယူပြီးရင်သူ့နေရာမှာသူပြန်ထားခဲ့နော်။"

" ဟုတ်ကဲ့။"

ကျစ်မော့ကိုမှာစရာရှိတာမှာပြီးတော့ သူပန်းစည်းစစည်းဖို့ပြင်လိုက်တယ်။

" ဒီနေ့ကလပြည့်နေ့နော်။"

" အင်း။"

‌ပန်းစည်းကို သေချာအာရုံစိုက်ပြီးစည်းနေတာမို့ရှောင်းကျန့် ကျစ်မော့ကိုပြီးပြီးရောသာ
ပြန်ဖြေလိုက်တယ်။

" ဒီနယ်မှာက လပြည့်ညနဲ့ ပတ်သက်ပြီးပုံပြင်လိုလိုဖြစ်ရပ်မှန်လိုလို စကားတွေရှိတယ်၊
ရှောင်းကျန့်ကောကြားဖူးလား။"

" ဟင့်အင်း။"

ပတ်ပတ်လည်မှာ ဝောာင်တန်းတွေပြည့်နေတာမို့ သူတို့နယ်မြို့လေးကအုံ့အုံ့ဆိုင်းဆိုင်းနဲ့ရယ်။ ရှေးကျသည်လည်းမဟုတ် ခေတ်ဆန်သည်လည်းမဟုတ်တဲ့ ရှေးယခင်ယဉ်ကျေးမှုအချို့ကလည်း ယခုအထိရှိနေသေးတယ်။

" လပြည့်ညတွေမှာ ရုတ်တရက်ကြီးသေသွားခဲ့ရင် အပြိုင်ကမ္ဘာတည်ရှိနေတဲ့ ကျွန်တော်တို့ရဲ့နောက်ထပ်ခန္ဓာကိုယ်ပိုင်ရှင်နဲ့ တွေ့ဆုံနိုင်တယ်တဲ့ ရှောင်းကျန့်ကောရ။"

Thank you for coming to me / Complete /Where stories live. Discover now