မျက်လုံးချက်ချင်းမဖွင့်နိုင်သေးတဲ့အပြင် ရှောင်းကျန့်ခေါင်းတွေပါ ထိုးကိုက်နေတယ်။
ပြတင်းပေါက်ကနေ နေရောင်ခြည်နွေးနွေးကရှောင်းကျန့်မျက်နှာနုနုပေါ် ဖြာကျတယ်။ရိပေါ်ကတော့ ယောက်ယက်ခတ်နေတဲ့ အတွေးတွေနဲ့ ရှောင်းကျန့်ကိုကြည့်နေမိတယ်။
ရိပေါ်ကအကျိုးအမြတ်ကို အများကြီးကြည့်တဲ့ စီးပွားရေးသမား။သူ့ခေါင်းထဲမှာ ဘယ်သူနဲ့ပူပေါင်းလိုက်ရင် ဘယ်လောက်အကျိုးအမြတ်ရမလဲဆိုတာပဲ အများဆုံးတွေးဖြစ်နေတာ။ဒီရက်တွေအတွင်းမှာတော့ အဲ့လိုမဟုတ်ဘူး။သူ့ခေါင်းထဲမှာ ရှောင်းကျန့်ကနေရာတော်တော်ယူနေတယ်။
ညတုန်းကရိပေါ်ရှောင်းကျန့်ကိုမေ့သွားခဲ့တာ။စီးပွားရေးမှာသူနဲ့ ပူးပေါင်းပြီးကွက်ကျော်ရိုက်ဖို့ဆွေးနွေးစကားပြောနေတဲ့ လူအိုတစ်စုကသူ့ကိုမြင်တော့ စပ်ဖြဲဖြဲပြုံးတယ်။ရိပေါ်လည်း အပြုံးတုတစ်ခုချိတ်ဆွဲရင်း ဒီလူတွေဆွဲနေတဲ့ အကွက်တွေကိုဝင်နားထောင်ပြီး ရှောင်းကျန့်ကိုမေ့သွားတယ်။နောက်ပါးဆီကနေ ဝုန်းခနဲ့ ခွမ်းခနဲအသံတွေကြားမှ သတိရတယ်။လှည့်ကြည့်မိတော့ သေချာပေါက်ရှောင်းကျန့်ပေါ့။ပါးမို့မို့မှာ အနီရောင်လှိုင်းလေးဖြတ်ပြေးနေပုံထောက်ရင် မူးနေတာသေချာပေါက်ပါပဲ။အဲ့သည့်အချိန်ထဲကရိပေါ်စိတ်ထဲ အတွေးများသွားဝာာ အတိတ်မေ့သွားရုံနဲ့ အရက်သောက်နိုင်စွမ်းတော့ ကျမသွားဘူးလေ။
" ရှောင်းကျန့်!!! ကော..."
လဲကျသွားသူရဲ့ ပါးမို့မို့ကိုခပ်ဖွဖွလေးပုတ်ပြီးနှိုးဝောာ့ ခပ်အုပ်အုပ်နဲ့ဗလုံးဗထွေးထွက်လာတဲ့ စကားသံတွေ။
" အိမ်ပြန်ချင်တယ်။"
ပြောပြီးမျက်ရည်တွေကအိခနဲ။မူးနေလို့ပဲ ကယောင်ကတမ်းတွေ ပြောနေဝာာလား ရိပေါ်လည်းမသိဘူး။သူကရှောင်းသခင်လေးမဟုတ်ဘူးဆိုဝာာကိုလည်း အတွင်တွင်ငြင်းနေတယ်။ရိပေါ်လည်းဇွတ်မေးတာမဟုတ်ပါဘဲ။
" ကော မအီမသာဖြစ်နေလို့လားဟင်။ကိုယ်ရှိတယ်နော်။"
လူတွေလည်းဝိုင်းကြည့်နေတာမို့ ရှောင်းကျန့်ကိုခပ်မြန်မြန်ပွေ့ချီလိုက်တယ်။ဒီလူပိန်လိုက်တာလည်းလွန်ပါရော။
YOU ARE READING
Thank you for coming to me / Complete /
Fanficနွေဦးရဲ့လေပြေလေးလို သကြားခဲလေးလို ဒီလူဟာသူ့အတွက်တော့ အေးချမ်းပြီးအမြဲချိုမြနေမဲ့ အိမ်ကလေးဖြစ်တယ်♡。