နွေအကုန် ဆောင်းဦးအကူးရာသီဥတုက သာမန်နေ့ရက်တွေနဲ့ မတူပါဘဲ မှိုင်းညို့လို့နေတယ်။မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကြောင့် ပန်းဆိုင်လေးက အရိပ်ကျပြီးမှောင်သွားတယ်။ခပ်အေးအေး တိုက်ခတ်သွားတဲ့ လေပြေရယ် မိုးရွာဖို့ဟန်ပြင်တဲ့အခါ ရတတ်တဲ့ မြေသင်းနံ့ကို ရလိုက်တာမို့ ရှောင်းကျန့်နှုတ်ခမ်းပါးတွေက တွန့်ကွေးကုန်တယ်။အချိန်အားဖြင့် ညနေသုံးနာရီလောက်တော့ ရှိနေလောက်ပြီ။ပန်းဆိုင်ကလေးမှာ လိုတာတွေပြင်ရင်း အဝါရောင်ဆွေးဆွေး နံရံတွေကိုမြင်မှ နာရီမရှိသေးတာကို သတိရတယ်။
ဆိုင်ရှေ့မှာ တပ်ထားတဲ့ ခေါင်းလောင်းလေးက တချွင်ချွင်အသံမြည်လာတယ်။ငေးမောနေရာကနေ ခေါင်းကိုဆတ်ခနဲ လှည့်ကြည့်လိုက်တော့ မျက်ခုံးတန်းပြေပြေတွေ တွန့်ကွေးနေတဲ့ ယောင်္ကျားဖြစ်သူကို ရှောင်းကျန့်တွေ့ရတယ်။ဒီ ကောင်လေး ဘာတွေအလိုမကျဖြစ်နေပြန်တာလဲ။
" ဆိုင်မှာရောက်နေကြောင်းလည်း ဖုန်းမဆက်ဘူး။မိုးရွာတော့မှာကိုလည်း ဖုန်းမဆက်ဘူး။ကိုယ့်ကို အကြောင်းမကြား ဖုန်းမဆက်ဘဲ ဆိုင်မှာအိပ်ဖို့ တွေးနေတာလား။"
" အိမ်ကို ရောက်ခဲ့တာလား။"
" အင်းပေါ့။ရောက်ရောက်ချင်း အချစ်ကိုမတွေ့တော့ ပူထူသွားတာပဲ။"
ခုံပေါ်မှာ ထိုင်နေတဲ့ ရှောင်းကျန့်ရဲ့ ပုခုံးကိုကိုင်ပြီးဆွဲပွေ့တယ်။ရှောင်းကျန့်မှာ ဝမ်ရိပေါ်ဘာလုပ်ချင်မှန်းမသိတာမို့ ခပ်ကြောင်ကြောင်ကလေး ရပ်နေမိတယ်။
ခပ်တည်တည်ပဲ ဝမ်ရိပေါ်က သူ့အင်္ကျီက
ကြယ်သီးတစ်လုံးကို ဆွဲဖြုတ်ပြီး ခုံပေါ်မှာ ဝင်ထိုင်တယ်။ရှောင်းကျန့် နှုတ်ခမ်းပါးတွေက စူပုံ့ပုံ့ကလေးဖြစ်သွားရတယ်။သူ့ရဲ့ မျက်ခုံးတန်းတွေကလည်း တွန့်ကွေးနေပြီ။" ကိုယ့်ပေါ်မှာ ထိုင်လေ အချစ်က။"
ပြောလဲပြောရင်း ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကို ဆွဲပြီး သူ့ပေါင်ပေါ်ထိုင်ခိုင်းတယ်။အနေအထားက တစ်မျိုးပဲမို့ ရှောင်းကျန့်နားရွက်ဖျားလေးတွေ ရဲဆွေးလာရတယ်။ဝမ်ရိပေါ်ကတော့ သူ့ကိုမျက်လုံးရွဲကြီးတွေနဲ့ ရွှန်းရွှန်းစားစား ကြည့်နေပြန်ပါပြီ။
YOU ARE READING
Thank you for coming to me / Complete /
Fanfictionနွေဦးရဲ့လေပြေလေးလို သကြားခဲလေးလို ဒီလူဟာသူ့အတွက်တော့ အေးချမ်းပြီးအမြဲချိုမြနေမဲ့ အိမ်ကလေးဖြစ်တယ်♡。