7

2.9K 232 9
                                    

ရှောင်းကျန့် ဝမ်ရိပေါ်ကို ဘာလဲဆိုတဲ့သဘောနဲ့ မေးဆတ်ပြတော့ ခေါင်းကိုခပ်ဖြည်းဖြည်းခါပြတယ်။ဝမ်ရိပေါ်ကအခုထိ သူ့ရှေ့က မနက်စာကိုမစားသေးဘူး။အဲ့အစား ရှောင်းကျန့်ကိုသာ မမှိတ်မသုန်ကြည့်နေတယ်။ဘာစကားမှလဲ မပြောဘဲဒီအတိုင်းကြီး ထိုင်ကြည့်နေတာ။တစ်ဇွန်း တစ်ဇွန်း ပါးစပ်ထဲရောက်ဖို့အရေး ရှောင်းကျန့်မှာ တန့်နေရတယ်။မနေနိုင်တော့တဲ့အဆုံး
ကိုင်ထားတဲ့ ဇွန်းနဲ့ခရင်းကို ချလိုက်ပြီး ပြောလိုက်တယ်။

" မင်း အဲ့လိုကြီးကြည့်နေမှတော့ ကျွန်တော်ကဘယ်လိုစားဝင်တော့မလဲ။"

" ဒီနေ့ကော လှနေတယ်လေ။"

ကြောင်တောင်တောင် စကားတွေပါ။ရှောင်းကျန့်မျက်ဖြူလှန်ပြလိုက်တယ်။

" တကယ်ပြောတာ။အပြင်သွားမလို့လား။"

" မင်း! မမှတ်မိသလိုလာမလုပ်နဲ့။ပန်းဆိုင်ဖွင့်ပေးမယ်ဆို မင်းပဲ။ဆိုင်နေရာလိုက်ပြမယ်ပြောထားပြီ။"

ရှောင်းကျန့်မ‌တောင်းဆိုဘဲ ဝမ်ရိပေါ်ဘက်ကအရင်ကိစ္စကို ဝောာင်းပန်တဲ့အနေနဲ့ ပန်းဆိုင်လေးဖွင့်ပေးမယ်လို့ ပြောလာတယ်။နှစ်ရက် သုံးရက်လောက်ထိ ရှောင်းကျန့်မယူဘူးလို့ ငြင်းနေပေမဲ့
ဝမ်ရိပေါ်က နေ့တိုင်းနီးပါးကို ပြောပြောနေတာ။နေရာက ဘယ်လောက်လှကြောင်း သာယာကြောင်း သစ်ပင်ပန်းပင်တွေပြည့်နေကြောင်း စသဖြင့် ရှောင်းကျန့်သဘောကျတဲ့အရာတွေနဲ့။
မငြင်းနိုင်တော့တဲ့ ရှောင်းကျန့်ကပဲ နောက်ဆုံးခေါင်းငြိမ့်လိုက်ရတယ်။အခုကျ သူမမှတ်မိသလိုနဲ့ လူကိုစနေပြန်ပြီ။

" ဟုတ်လား။ကိုယ်ပြောခဲ့ဝာာလား။ဒီနေ့အလုပ်မအားဘူး။ဘယ်လိုလုပ်မလဲ။"

" မင်းဝယ်ပေးမှာဆိုတော့လည်း မင်းပြုသမျှနုသမျှခံရုံပေါ့။"

" အခုကစိတ်ကောက်သွားတာလား၊ဟင် ဟုတ်လားလို့။"

ရိပေါ်မေးတော့ ရှောင်းကျန့်ကသူ့မျက်နှာကို စေ့စေ့မကြည့်တော့ဘူး။ရှောင်ဖယ်ရှောင်ဖယ်နဲ့။ခပ်ပြေပြေနှုတ်ခမ်းပါးတွေက အခုတော့စူပုံ့ပုံ့ဖြစ်နေပြီ။

Thank you for coming to me / Complete /Where stories live. Discover now