11

2.6K 188 1
                                    

ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကို ဆုပ်ကိုင်ထားပေးတယ်။သူကတော့ ခေါင်းကိုသာငုံ့ထားမိတယ်။ဒီလောက်ကြီးအထိ  ဖြစ်ဖို့လိုတဲ့ကစ္စမဟုတ်မှန်း သိပေမဲ့ ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့အချစ်ရည်ရွှမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်ရမှာကြောက်နေတယ်။

" ခေါင်းငုံ့ထားရတာ ဇာတ်မညောင်းဘူးလားဟင်။ကိုယ့်ကိုကြည့်ပါဦး ဒီကိစ္စနဲ့ပတ်သက်ပြီး ကောမပြောချင်ရင် ဘာမှမပြောဘဲနေလို့ရတယ်၊ဒါပေမဲ့ ဒီလိုကြီး တိတ်ဆိတ်ပစ်လိုက်ဖို့ကို မရွေးချယ်ပါနဲ့ ကိုယ်တို့နှစ်ယောက်ကြားမှာ စကား‌သံတွေ  တိတ်သွားမျိုး ကိုယ်တကယ်မကြိုက်တာ။"

" ရိပေါ်။"

ကန်ရေပြင်ပေါ်ကို ရေစက်လေးကျတဲ့အခါ ရေပွက်က‌လေးတွေဖြစ်ပြီးမငြိမ်မသက်ဖြစ်သလိုမျိုး ရိပေါ်ကလည်း‌ ရှောင်းကျန့်ရဲ့ ‌ရိပေါ်လို့ခေါ်သံကြောင့် နှလုံးသားက ရေပွက်ကလေးများလို လှုပ်ရှားပြီး သိမ့်ခနဲဖြစ်သွားရတယ်။ဒါ ပထမဆုံးအကြိမ်ပဲ သူ့ကိုရှောင်းကျန့်က ရိပေါ်လို့ခေါ်တာ။

" ကျွန်တော်ကရည်းစားထားဖူးခဲ့တာမဟုတ်ဘူး။မင်းကပထမဆုံးပဲ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော့်လက်ကို မလွှတ်ဘူးလို့ ကတိပေးမလား။"

ရိပေါ်မျက်ဝန်းအိမ်မှာ မျက်ရည်‌ေ‌တွက အိခနဲဖြစ်တည်ရတယ်။ခေါင်းကိုတဆတ်ဆတ်ငြိမ့်ရင်း ရှောင်းကျန့်လက်ဖမိုး ဖွေးဖွေးကို တဖွဖွနမ်းနေမိတယ်။

သူတစ်ယောက်တည်း လှမ်းလာဖို့ကြိုးစားရမယ် ထင်ထားပေမဲ့ ချစ်မဝသူက ခြေလှမ်းတစ်လှမ်းစာတိုးပေးလာတယ်။

" ကောက ကိုယ့်ရဲ့ ချစ်မဝလေးပါ။ချစ်လို့တောင်မဝသေးတာကို ဘာလို့လွှတ်ချခဲ့ရမလဲ။"

‌" မင်းက ချစ်လို့ဝသွားရင်တော့ လွှတ်ချခဲ့‌မယ်ပေါ့။"

ခပ်ဆွေးဆွေးပူနွေးနွေးလေထုဟာ ရုတ်ခြည်းအေးစိမ့်သွားသလိုပါပဲ။ရိပေါ်ကို မျက်မှောင်ကြုတ်ကြည့်ရင်း ရှောင်းကျန့်က စွာတာတာပြောလာတယ်။

"  ချစ်မဝလေး မဟုတ်ဘဲ အရွတ်တုံးအရစ်တုံးကြီးဖြစ်နေတာပဲဗျာ။"

Thank you for coming to me / Complete /Where stories live. Discover now