3

3.1K 270 5
                                    

မျိုးစေ့ထုတ်တွေရဲ့ ဈေးကိုကြည့်လိုက် ပြန်ချလိုက်နဲ့ ချီတုံချတုံဖြစ်နေတဲ့ ရှောင်းကျန့်ကိုရိပေါ်ကြည့်နေတယ်။မျက်ဝန်းညိုတွေကလည်း
ဘာလို့ဒီလောက်ထိဈေးကြီးရတာလဲဆိုပြီး မေးခွန်းထုတ်လို့။အစက အတူလိုက်မသွားဘဲနေမလို့ဟာ အခုတော့ အချိန်ကြာနေပြီဖြစ်တဲ့ ရှောင်းကျန့်ကြောင့် သူခြေကြွဖို့လိုလာပြီ။

" ဒါလိုချင်နေတာမလား ဒါရော ဒါတွေရော အကုန်ထည့်လိုက်။"

ရိပေါ်ကပြောလည်းပြောရင်း ဘာမှန်းမသိတဲ့ မျိုးစေ့ထုတ်တွေအကုန်လုံးကို ရှောင်းကျန့်ကိုင်ထားတဲ့ ခြင်းလေးထဲထည့်ပေးလိုက်တယ်။ရှောင်းကျန့်ကတော့ သူ့မူအတိုင် မျက်လုံး
ဝိုင်းဝိုင်းကြီးတွေနဲ့ ကြည့်လာတယ်။ရိပေါ်ထည့်ပေးလိုက်တဲ့ အထုတ်တွေအကုန်လုံးက ရှောင်းကျန့်ကိုင်လိုက် ပြန်ချလိုက်လုပ်ထားတဲ့ အထုတ်တွေကြည့်ပဲ။သူ့အာရုံက ရှောင်းကျန့်ဆီပဲရောက်နေတာမို့ ရှောင်းကျန့်ဘာလုပ်လုပ် သူအကုန်သိတယ်။

" ကောလိုချင်တာမလား။ဈေးကိုထည့်တွက်မနေနဲ့ ယူလိုက်။"

" ဒါပေမဲ့ ...။"

ရှောင်းကျန့်က ဆက်မပြောသေးဘဲ ဆိုင်ရှင်ဖြစ်သူရဲ့ အရိပ်အခြည်ကို အရင်ကြည့်လိုက်တယ်။သူ့ရဲ့အရပ်က ဝမ်ရိပေါ်ထက်ပိုမြင့်တယ်။ဒါကြောင့် သူကနည်းနည်းလေး တကယ်ကိုမဆိုသလောက်လေး နှိမ့်ပြီး ဝမ်ရိပေါ်နား နားကပ်လို့ပြောလိုက်တယ်။

" ဆိုင်ရှင်က ဈေးတအားတင်ထားတာ။မျိုးစေ့ထုတ်လေးတွေကို ယွမ်***မှမပေးရတာကို။နောက်တစ်ဆိုင်မရှိဘူးလား။ဒီမှာက ဈေးတအားများတယ်။"

" ရတယ်။ဈေးများလည်းဒီကပဲဝယ်လိုက်။ကိုယ်ရှင်းလိုက်မယ်။"

" ဒါပေမဲ့ ပိုက်ဆံကိုအလကားကြီးဖြုန်း။"

" ဒီလိုထူးဆန်းတာတွေပြောမနေဘဲ ဒါတွေပဲယူခဲ့တော့ကောရယ်။ကိုယ်အခုသွားရှင်းလိုက်မယ်ပေး။"

ရှောင်းကျန့်လက်ထဲက ခြင်းတောင်းကို ဇွတ်ဆွဲပြီး ဝမ်ရိပေါ်က ပိုက်ဆံသွားရှင်းတယ်။ရှောင်းကျန့်ကတော့ နေရာမှာတင်ရပ်မြဲအတိုင်းရပ်ရင်း
ခပ်ကြောင်ကြောင်ကလေး။သူဒီနေ့မနက်ပိုင်းတင် သုံးလိုက်တဲ့ငွေက ယွမ်***ရှိတယ်။အဲ့ပမာဏက ပန်းဆိုင်မှာငွေရှင်းတမ်းလုပ်ရတဲ့အခါ တစ်လပြည့်တဲ့နေ့မှ ရတဲ့ငွေပမာဏပဲ။ရှောင်းကျန့်ကတော့ နှမြောပြီးရင်း‌နှမြောနေမိတယ်။ဝမ်ရိပေါ်ကတော့ ဒီလောက်ငွေပမာဏကို သူရှင်းပေးလိုက်ရလို့လဲ ကိစ္စရှိဟန်မပြဘူး။

Thank you for coming to me / Complete /Where stories live. Discover now