2

3.4K 288 8
                                    

ရှောင်းကျန့်ရောက်နေတဲ့နေရာက အရမ်းရှေးကျသည်လည်းမဟုတ် ခေတ်ဆန်သည်လည်းမဟုတ်တဲ့ ရာစုနှစ်မှာဖြစ်တယ်။

ဝမ်အိမ်တော်တစ်ခုလုံးကို ကျွန်းသစ်နဲ့ဆောက်လုပ်ထားတာတယ်။ဒါ့အပြင် ခြံဝန်းကြီးကလည်းအကျယ်ကြီးပဲ။သစ်ပင်ပန်းပင်တွေပြည့်နေတာမို့ အုံ့အုံ့ဆိုင်းဆိုင်းနဲ့။

ရှောင်းကျန့်ဝတ်နေကျ မဟုတ်တဲ့ ကုတ်အင်္ကျီတွေအပြည့်ထည့်ထားတဲ့ ကျွန်းဗီရို‌ကြီးကိုကြည့်ပြီးတန်ဖိုးတွက်ချက်မိတယ်။အသားကောင်းတဲ့အင်္ကျီတွေကအိစက်ပြီး၊သူအရင်တုန်းကဝတ်ခဲ့တာတွေနဲ့ လားလားမျှမသက်ဆိုင်ဘူး။

သူ့စိတ်ထဲအပေါ့ပါးဆုံးဖြစ်လောက်မဲ့ အင်္ကျီကိုရွေးချယ်ပြီးဝတ်လိုက်တယ်။အသားကောင်းတဲ့အပြင် ဒီဇိုင်နာချုပ်အထည်တွေဖြစ်ပုံရတာမို့
ရှောင်းကျန့်ဝတ်လိုက်တော့ ချပ်ချပ်ကပ်ကပ်နဲ့။
ရှောင်းသခင်လေးနဲ့ ရှောင်းကျန့်နဲ့က အရပ်ရော ရုပ်ရည်ရော ခန္ဓာကိုယ်အရွယ်အစားအားလုံးတူပေမဲ့ စိတ်ဓာတ်ကတော့ မိုးနဲ့မြေလိုကွာခြားတယ်။

" သခင်လေး မနက်စာစားဖို့ ဝမ်သခင်လေးကအောက်ထပ်မှာစောင့်နေပါတယ်။"

" ရှောင်းကျန့်လို့ပဲခေါ်ပါ။သခင်လေးလို့ကြားရတာ နားထဲအဆင်မပြေဘူး။အန်တီကကျွန်တော့်လည်းထက်အသက်ကြီးတာကို။ရိုရိုသေသေခေါ်ဖိုမလိုပါဘူး။"

ရှောင်းကျန့်စကားမှာ အထိန်းတော်ကြီးက ပါးစပ်အဟောင်းသားဖြစ်ရတယ်။ဝမ်အိမ်‌
တော်ကသခင်လေးရဲ့အိမ်သားကို
ရှောင်းကျန့်လို့ခေါ်ဖို့ကဘယ်သင့်တော်ပါ့မလဲ။ သခင်‌လေးကဘာမှမမှတ်မိလို့ ဒီလိုလောကွတ်ချော်နေဝာာ သိပေမဲ့ မှတ်မိနေတဲ့သူကဝောာ့ ‌မခေါ်ရဲဘူး။

အထိန်းတော်အန်တီက သူ့ကိုဘာမှပြန်မပြောတာမို့ သူလည်းပြောမနေတော့ဘူး။နှုတ်ဆွဲနေပြီးသား အခေါ်ကိုပြင်ဖို့ခက်မယ်ဆိုတာသိပါတယ်၊သူ့အတွက်ကျလည်း ရှောင်းကျန့်ဆိုတဲ့နာမည်အစား သခင်လေးလို့ကြားရတာကို ကျင့်သားရမနေဘူး။

ထမင်းစားပွဲကအတော်အသင့်ရှည်လျားပြီး ကျယ်တယ်ဆိုတာထက်ပိုတယ်။အတန်းလိုက်စားပွဲအရှည်ကြီးပေါ်မှာ ဟင်းပွဲတွေကလည်းမနည်းလှဘူး။

Thank you for coming to me / Complete /Where stories live. Discover now