1

4.5K 286 2
                                    

လေတစ်ချက်အဝှေ့မှာ ချယ်ရီပန်းရဲ့ပွင့်ဖတ်
တွေက ကြွေကျတယ်။ပန်းနုရောင်ပွင့်ဖတ်လေးတွေက မြေပြင်ပေါ်မှာ အစုလိုက်အစုလိုက်နဲ့မို့ ပန်းရောင်လွင်ပြင်ကျယ်ကြီးနဲ့တောင် ဆင်တူနေပြီ။

ကုတင်ပေါ်ကအမျိုးသားက အိပ်နေချိန်မှာတော့
နူးညံ့နေသယောင်နဲ့။အရင်က ပန်းနုရောင်သန်းနေတတ်တဲ့နှုတ်ခမ်းပါးတွေဟာလည်း အခုတော့ဖြူဖျော့လို့။

ချစ်လို့လက်ထပ်ခဲ့ကြတာမဟုတ်ဘဲ အိမ်တော်နှစ်ခုကြားရွှေလမ်းငွေလမ်းပေါက်ဖို့အတွက်ရည်ရွယ်ပြီးပေါင်းသင်းနေထိုင်ရတာမို့ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ကသိပ်တော့အနေမနီးလှဘူး။

ဒါ့အပြင် ရှောင်းကျန့်ကဝမ်ရိပေါ်အကြိုက်ပုံစံမဟုတ်တာပဲ။မာနကြီးတဲ့ ရှောင်းသခင်လေး လူတန်းစားခွဲခြားတဲ့ ရှောင်းသခင်လေး စကားပြောရင် မာကျောခက်ထန်လွန်းတဲ့ ရှောင်းသခင်လေး။ဒီလိုသတင်း‌ဆိုးတွေနဲ့သာ ကျော်ကြားတဲ့အမျိုးသားက အခုတော့မတော်တဆမှုတစ်ခုကြောင့် သတိမေ့နေခဲ့တာ တစ်လတောင်ပြည့်သွားပြီ။

" ဒီလောက်ဆိုရင် ခင်ဗျားနိုးလာသင့်ပြီမလား။"

အိမ်တော်တစ်ခုလုံးရဲ့တာဝန်ကို သူ့ပခုံးပေါ်ထမ်းထားရတဲ့အပြင် နေ့တိုင်းဒီအခန်းကိုလာပြီး စကားပြောပေးရတာလည်း နောက်ထပ်အလုပ်တစ်ခုလိုဖြစ်လာတယ်။ရိပေါ်က နဂို စကားနည်းတဲ့လူဖြစ်တယ်။နှစ်ယောက်တည်းရှိတဲ့ အခန်းကျယ်ထဲမှာ ဘာတုံ့ပြန်သံမှမကြားရဘဲ သူတစ်ယောက်တည်း စကားတွေပြောရတာက ရူးကြောင်ကြောင်နိုင်လွန်းတယ်။

ပြီးတော့ဝမ်ရိပေါ်က စိတ်ရှည်တဲ့သူမဟုတ်ဘူး။တစ်လဆိုတဲ့အချိန်က နိုးလာဖို့အတွက် လုံလောက်တာထက်ပိုနေပြီ။ဆရာဝန်တွေကလည်း စိုးရိမ်ရတဲ့အခြေအနေကကျော်လွန်သွားပြီလို့ ပြောနေတာကို ဒီလူကဘာလို့အခုထိနိုးမလာသေးတာလဲ။

" ကျွန်တော်ရုံးကိုခဏသွားမှာမို့ သူ့ကိုကြည့်ထားပေးပါ။"

ဝမ်ရိပေါ်ခိုင်းတော့ အထိန်းတော်ကြီးက မျက်နှာပျက်တယ်။ဒီလူဘယ်လောက်ထိ ဆိုးရွားတာတွေလုပ်ထားလဲဆိုတာ ရိပေါ်စိတ်နဲ့တောင် တွေးကြည့်လို့မရတော့ဘူး။

Thank you for coming to me / Complete /Where stories live. Discover now