9

2.8K 197 2
                                    

ရှောင်းကျန့်ရဲ့ ခပ်ကြီးကြီးမျက်ဝန်းအိမ်တွေက ဝိုင်းစက်သွားရတယ်။အိပ်ချင်မူးတူးနဲ့ အမြင်မှားနေတာလားဆိုပြီး သေချာကြည့်လိုက်ပေမဲ့ မမှားဘူး။တကယ်ကြီး ဝမ်ရိပေါ်က အေပရွန်ဝတ်ထားပြီး မီးဖိုချောင်ဝင်နေတာ။

ဒီနေ့ကနားရက်လည်း မဟုတ်ပါဘူး၊ဝမ်ရိပေါ်အခုချိန်ထိ အလုပ်မသွားဘဲ အိမ်မှာရှိနေတာက ရှောင်းကျန့်အတွက် ထူးဆန်းလို့နေတယ်။

" ကျွန်တော်ဘာကူပေးရမလဲ။"

ကျော်သွားရင်လည်း မကောင်းတတ်တာမို့ ရှောင်းကျန့်ဝမ်ရိပေါ်အနားကို သွားပြီးမေးလိုက်တယ်။စိတ်ထဲလည်း တွေးနေမိတယ် ဝမ်ရိပေါ်လို ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်သခင်လေးက ဟင်းရောချချက်တတ်ပါ့မလား။ရှောင်းကျန့်ရဲ့ လျှာဖျားလေးကို ဒုက္ခပေးဖို့များ ဒီလိုပင်ပန်းခံနေသလား။သူ‌့ခေါင်းထဲမှာ မေးခွန်းတွေပြည့်လို့နေတယ်။

" ဦးနှောက်သေးသေးလေးနဲ့ ပေါက်ကရတွေမတွေးဘဲ ခုံမှာသာထိုင်ပြီးစောင့်နေပါ။ကိုယ်ဟင်းချက်တတ်ပါတယ်။ပြီးတော့ ဒီနေ့နားရက်မဟုတ်ပေမဲ့ ကောကိုအချိန်ပေးချင်လို့ ကိုယ်အနားယူလိုက်တာ။"

ရှောင်းကျန့်ထုတ်ပြောဖို့မလိုဘဲ သူဘာတွေး
နေလဲ အလိုလိုသိပြီးရှင်းပြတတ်တာကလည်း ဝမ်ရိပေါ်ရဲ့ထူးခြားတဲ့စွမ်းရည်ဖြစ်ပါလိမ့်မယ်။

ဝမ်ရိပေါ်က ပြောနေရင်းပဲ မျက်စိတစ်ဖတ်မှိတ်ပြတယ်၊ပြီးတော့သူ့ရဲ့ လုပ်လက်စဖြစ်တဲ့ ဘာမှန်းမသိတာတွေကို ကြော်ပြန်တယ်။ရှောင်းကျန့်ရဲ့ နှလုံးကတဒုတ်တဒုတ်နဲ့။ဝမ်ရိပေါ်က တကယ်ချောတာ ကိုရီးယားဒရမ်မာကားတွေထဲကလို ပြီးပြည့်စုံတဲ့ ယောင်္ကျားပဲ။ ဒီလိုယောင်္ကျားမျိုးက သူ့ကိုဖွင့်ပြောထားတာဆိုတော့ တွေးရင်းပဲရှောင်းကျန့်ခါးကလေးက ဆတ်ခနဲမတ်သွားတယ်။သူနည်းနည်းဂုဏ်ဆာချင်သွားတယ်။ချိန်လိုက်ပါသွားလိုက်နဲ့ သူ့ဘဝလေးကို ကံကြမ္မာကသနားလို့ထင်ပါတယ်ဒီလိုပြီးပြည့်စုံတဲ့ ယောင်္ကျားကို သူ့အတွက်ချန်ထားပေးတယ်။

" ဝမ်ရိပေါ် တခြားသူတွေရော။"

" နားရက်ပေးလိုက်တယ်။အိမ်တော်ထိန်းရော တခြားသူတွေရော သူတို့ရဲ့နေရပ်ခဏပြန်ကြတယ်။"

Thank you for coming to me / Complete /Where stories live. Discover now