14

2.4K 199 3
                                    

" ရိပေါ် ရိပေါ် အားလား အရေးကြီးပြောစရာရှိတယ်။"

" ဘာဖြစ်လို့လဲ ဘယ်နေရာနေမကောင်းလို့လဲ တစ်ခုခုဖြစ်လို့လား။ပြောပါဦးကောရယ် ကိုယ်စိတ်ပူလာပြီ၊အခုပဲပြန်လာခဲ့မယ်။"

" ရိပေါ် ရိပေါ်လို့!!! ကျွန်တော်ပြောတာကို ဆုံးအောင်နားထောင်ပါဦးဆို။"

အိမ်သားရဲ့ စူအောင့်အောင့်အသံလေး ထွက်လာတော့မှ ရိပေါ်က ဟင်းခနဲသက်ပြင်းအရှည်ကြီးချလိုက်တယ်။အသံက မောဟိုက်နေတဲ့အပြင် အမြန်လိုနေပုံရတာမို့ ရိပေါ် စိတ်ပူမိတာမှားသလား။ဒီအသံလေးကြောင့် သူဘယ်လောက်တောင် ပူထူသွားရသလဲ။

" ကိုယ်တကယ် စိတ်ပူသွားတာ။နောက်ဒီလိုမျိုးမလုပ်နဲ့ အချစ်ရယ်။မင်းနဲ့ပတ်သက်ရင် နည်းနည်းမှ အမှားအယွင်းမခံဘူးဆိုတာ မသိလို့လား။"

" တောင်းပန်ပါတယ်။ကျွန်တော်က အပျော်လွန်သွားလို့စိတ်လှုပ်ရှားပြီး ရိပေါ်ကိုပြောပြချင်ခဲ့တာ။"

" တောင်းပန်စရာမလိုပါဘူး။ကဲ အချစ်ရဲ့ပျော်စရာသတင်း‌ေ‌လးကို မျှဝေပေးပါဦး။ကိုယ်သိချင်နေပြီ။"

ဝမ်ရိပေါ်က သိသိသာသာပဲ စကားလမ်းကြောင်းပြောင်းတယ်။ရှောင်းကျန့် သူ့ရှေ့မှာ နည်းနည်းလေးထိခိုက်ရင်တောင် မျက်နှာမကောင်းဘဲ စိတ်ပူတတ်တာမို့ အခုသူ့မျက်စိရှေ့မှာ မဟုတ်ဘဲ အခုလိုလောနေတဲ့ အသံကိုကြားတော့ ပိုစိတ်ပူသွားမှာ။

" အညှောင့်လေးတွေ ထွက်လာပြီ။"

" အချစ်စိုက်ထားတဲ့ အပင်လေးတွေလား။"

" ဟုတ်တယ် ဟုတ်တယ် သူတို့အကုန်လုံး အညှောင့်လေးတွေ ထွက်လာပြီ။"

ရွှင်မြူးနေတဲ့ အသံလေးနဲ့ အိမ်သားကို ရိပေါ်မမြင်ရရင်တောင် ခေါင်းတဆတ်ဆတ်ငြိမ့်နေမှာသိတယ်။ပျော်စရာလေးများရင် ဒီလိုမျှဝေတတ်တဲ့ အကျင့်လေးကိုလည်း သူအချစ်ပိုရတာပါပဲ။

" ကိုယ်ရုံးက ပြန်လာတဲ့အခါ နောက်တစ်ခေါက်အတူတူသွားကြည့်ရင်း အနားယူကြတာပေါ့။

ဝမ်ရိပေါ်က ရှောင်းကျန့်အတွက် အမိုးပါတဲ့ နေရာလေးလုပ်ပေးထားတယ်။သစ်သားနဲ့ လုပ်ထားတဲ့ စားပွဲလေးရယ် ခုံတန်းရှည်လေးရယ်။ရှောင်းကျန့် နေ့တိုင်း ပုံမှန်ကြီးရေလောင်ပေးရမဲ့ အပင်လေးတွေကို ရေလောင်းပေးပြီး ခြံအနောက်ဘက်မှာ အနားယူလေ့ရှိတယ်။ဘာခုံတန်းမှ မရှိခင်အချိန်တုန်းက အဆင်ပြေတဲ့နေရာမှာ ထိုင်ချပြီး အနားယူလိုက်တာ။တစ်ရက်ကျဒါကို ဝမ်ရိပေါ်ကမြင်ပြီး အနားယူဖို့သီးသန့်နေရာလေးလုပ်ပေးလာတယ်။ရှောင်းကျန့် မနက်တိုင်း ပန်းသွားတယ် ပြန်လာရင် ခြံအနောက်ဘက်က သစ်ပင်လေးတွေကို ရေလောင်းတယ်။နေ့နေ့ညည သူ့ပတ်ဝန်းကျင်မှာ ပန်းတွေပြည့်လို့နေတယ်။အရာအားလုံးက စိတ်အေးချမ်းရာတွေပဲ။ညရောက်တဲ့အခါ တစ်နေ့တာလုပ်ခဲ့သမျှ ဖြစ်ခဲ့သမျှကို ဝမ်ရိပေါ်ကို ပြန်ပြောတယ် အဲ့ခါကျ အလုပ်လုပ်နေသူက မညည်းညူဘဲ ပြုံးပြုံးကြီးနားထောင်တတ်တယ်။ဒီနေ့လည်း ပြောစရာတွေများတယ် အညှောင့်ပေါက်လာတဲ့ အပင်လေးတွေအကြောင်းရော အရွက်သစ်ကလေးတွေ ပြန်ထွက်လာပြီဖြစ်တဲ့ မစ္စကူယွီရဲ့ နှင်းဆီပန်းလေးအကြောင်းရော ဖြစ်ခဲ့သမျှ ပျက်ခဲ့သမျှ ကိစ္စတိုင်းကို ပြောပြရဦးမယ်။ဒါက ရှောင်းကျန့်တို့ နှစ်ဦးလုံးရဲ့ တစ်နေ့တာကုန်ဆုံးပုံပါပဲ။အေးချမ်းတယ် အပူပင်မရှိဘူး ခံစားမိသမျှ ထိတွေ့ရသမျှ အစုစုသောအရာတွေက ဒီနေရာမှာတော့ မေတ္တာတွေကြည့်။

Thank you for coming to me / Complete /Where stories live. Discover now