13

2.5K 187 7
                                    

ရှောင်းကျန့်က နဂိုထဲက အနေအေးတဲ့သူမို့ သူ့ရဲ့နှစ်လိုဖွယ်မျက်နှာလေးက ရေပြာအိုင်လေးအလား ကြည်စင်နေတယ်။

ခုံပေါ်မှာ ရိပေါ်နေရချပေးထားတဲ့ မလှုပ်မယှက်ထိုင်နေပုံက အရုပ်လေးတင်ထားခဲ့တဲ့ အတိုင်းပဲ။ဒီနေ့ပွဲတစ်ခုကို တက်ပေးဖို့ ဖိတ်ကြားခံရလို့ အိမ်သား‌နဲ့အတူတက်ပေးတာ။‌ရှောင်းကျန့်ရဲ့ နဂိုဓာတ်ခံကိုက စကားနည်းတဲ့သူမှန်း ရိပေါ်သိတယ်။အတူတူရှိနေရင်တောင် လေအလကားမရတဲ့အတိုင်း ဘာမှမပြောလို့ တိတ်ဆိတ်နေတတ်တာ။သူ့ကိုယ်သူစကားနည်းလှပြီမှတ်တာ သူ့အိမ်သားကို မမှီဘူးပဲ။

" အိမ်က နှင်းဆီပင်လေး သေမလိုဖြစ်နေတာ ညီမတို့ရယ်။ဆေးကျွေးပေးတာလည်းမရဘူး ကျွန်မတော့စိတ်ညစ်ပါတယ်။အဲ့သည့်ပန်းက မင်္ဂလာနှစ်ပတ်လည်အတွက် လုံချန်းဝယ်ပေးထားတာ။"

ရှောင်းကျန့်နဲ့ မလှမ်းမကမ်းအကွာအဝေးက အမျိုးသမီးကြီးက တကယ်စိတ်ညစ်နေဟန်နဲ့ သက်ပြင်းဖွဖွချရင်း ညည်းညူတယ်။နှင်းဆီပန်းတွေဆို ဆေးကျွေးတာထက် ဘဘာဝမြေဩဇာနဲ့ စိုက်ပျိုးရတာ။ဥပမာ မန်းကျည်းရွက်မြေဆွေးတို့ နွားချေးတို့ဘာတို့နဲ့ စိုက်ရင် ပွင့်တဲ့အခါ ငွားငွားစွင့်စွင့်နဲ့ကိုပွင့်တာ။ရှောင်းကျန့်အတွက်တော့ ဒီပျော်မှုကို ဘာနဲ့မှမလဲနိုင်ဘူး။ကိုယ်တိုင်ရေလောင်းပေါင်းသင်ထားတဲ့ အပင်လေးဆီကနေ အညှောင့်ပေါက်လာတာကအစပျော်ရတယ်။အပင်တစ်ပင်ရှင်သန်ခြင်းရဲ့ အစပဲ။

" ပျင်းနေပြီလားဟင်။"

ဝမ်ရိပေါ်က ရှောင်းကျန့်ခါးကိုရုတ်တရက်ကြီး ဖက်လာတယ်၊ငေးငိုင်နေတာမို့ သတိမထားမိခဲ့ဘူး။ရှောင်းကျန့် ခန္ဓာကိုယ်ကခပ်ယို့ယို့ကလေးဖြစ်သွားတယ်။‌ဝမ်ရိပေါ် စကားပြောလိုက်တဲ့ လေငွေ့ငွေ့က သူ့နားရွက်ဖျားလေးတွေကို ပူနွေးလာစေတယ်။

" ကျွန်တော်အဆင်ပြေပါတယ်။"

ရှောင်းကျန့်ပြန်ပြောလိုက်သံက တိုးဖွဖွကလေးပဲ။သူ့ရဲ့အာရုံတွေက နှင်းဆီပန်းအကြောင်းပြောနေတဲ့ အမျိုးသမီးအဖွဲ့ဆီကိုပဲရောက်နေတာ။ဝမ်ရိပေါ်ကတော့ သူ့ဘေးလာထိုင်ပြီး ဝိုင်ခွက်ကို လှည့်လို့ အာစွတ်ရုံမျှသောက်ပြီး မြင်ကွင်းမှန်သမျှကို မထူးဆန်းသလိုငေးမောနေတယ်။

Thank you for coming to me / Complete /Where stories live. Discover now