5

2.9K 236 2
                                    

ရှောင်းကျန့်စိတ်ပင်ပန်းနေတယ်။ရက်ပိုင်းအတွင်းရုတ်တရက်ကြီးဖြစ်သွားတဲ့ ကိစ္စတွေများလွန်းတယ်။သတင်းစာရဲ့ ထိပ်စည်းမှာ ရှောင်းမျိုးရိုး ရှောင်းကျန့်က ရှောင်းလုပ်ငန်းစုနဲ့ဘာမှမသက်ဆိုင်တော့ကြောင်းက နေရာယူတယ်။မြေဂရမ်တစ်ခုကြောင့် သူအမွေပြတ်စွန့်လွှတ်ခံလိုက်ရတာပါ။နဂိုထဲက ရှောင်းကျန့်ပိုင်ဆိုင်မှုတွေမဟုတ်တာမို့ တပ်မက်မှုမရှိဘူး။သူတွေးပူမိတာတစ်ခုပဲ။သူ့မှာဘာမှ မရှိတော့ရင် ဝမ်ရိပေါ်က သူ့ကိုလက်ခံပါဦးမလား။

ရှောင်းကျန့်အတွေးများနေချိန်မှာ တံခါးခေါက်သံထွက်လာတယ်။သူတံခါးမပိတ်ထားတာမို့ ထဖွင့်ပေးဖို့မလိုဘူးလေ။ရှောင်းကျန့်အော်ပြောလိုက်တယ်။

" ကျွန်တော်တံခါးမပိတ်ထားဘူး၊ဒီအတိုင်းဝင်ခဲ့လို့ရတယ်။"

ရှောင်းကျန့်စကားလည်းဆုံးရော ဝမ်ရိပေါ်ကဝင်လာတယ်။လက်ထဲမှာလည်းအိတ်တစ်ခုနဲ့။ရှောင်းကျန့်စိတ်ထဲ ထိတ်ကနဲဖြစ်သွားရတယ်။သူတွေးထားသလိုများ ဝမ်ရိပေါ်ကသူ့ကို အိမ်ပေါ်ကနှင်ချတော့မှာလား။ရှောင်းကျန့်မှာသွားစရာနေရာမရှိဘူး။ဒီရောက်ထဲက တစ်ခါပဲအပြင်ရောက်ဖူးတာမို့ လမ်းတွေလည်းသူမသိဘူး။

" ကော ‌ကော ကျွန်တော်ခေါ်နေတာကြာပြီ။ဘာတွေဒီလောက်တွေးနေတာလဲ။"

" ဘာ ဘာမှမဟုတ်ပါဘူး။ကျွန်တော်ကဒီအတိုင်း ဒီအတိုင်းဘာမှမဟုတ်ဘူး။"

ရှောင်းကျန့်ကမလိမ်တတ်ဘဲနဲ့ လိမ်နေပြန်ပါပြီ။မျက်ဝန်းညိုတွေမှာ ဖြတ်ပြေးနေတဲ့ စိုးရိမ်စိတ်ကိုရိပေါ်မြင်ရတယ်။ဒီလူကတော့အမြဲ ပေါက်ကရတွေ တွေးနေတော့တာပဲ။

" ညကျ ပွဲတစ်ခုတက်စရာရှိတယ်။အဲ့တာကောလိုက်ခဲ့ပေးပါ။ပြီးတော့ ဒါကပွဲမှာဝတ်ရမဲ့ဝတ်စုံ။"

" ကျွန်တော်ကလိုက်ခဲ့ရမယ်။"

ရှောင်းကျန့်ကသူ့ကိုယ်သူလက်ညှိုးနဲ့ထိုးရင်းမေးလာတော့ ရိပေါ်ခေါင်းငြိမ့်ပြလိုက်တယ်။ဝမ်ရိပေါ်က အိမ်သားဖြစ်သူကို ဘယ်တော့မှပွဲမထုတ်ဘူးလို့ ‌တိုးတိုးရော‌ကျယ်ကျယ်ရော ပြောတတ်တဲ့ပါးစပ်ပေါက်တွေကို တစ်ခါတည်းပိတ်သွားအောင် အခုလိုမျိုးလုပ်ရတာ။ပုံမှန်ရှောင်းကျန့်ဆို လိုက်ဖို့မပြောနဲ့ ရိပေါ်လုပ်ငန်းခွင်နေရာကို လာရရင်တောင် ကြိုက်မယ်မထင်ဘူး။အခုရှောင်းကျန့်ကတော့ မတူတော့ဘူး။ဘာမှမမှတ်မိသ၍ဒီလူနဲ့ သူအဆင်ပြေနိုင်တယ်။

Thank you for coming to me / Complete /Where stories live. Discover now