part-2~📖

458 42 2
                                    

သူ ကင်မ်ကို့ အတင်းတွန်းထုတ်ပြီး ထွက်လာခဲ့လိုက်တယ်။ဒီကင်မ်လူဆိုးကောင်က အရမ်းဆိုးတာပဲ၊သူ့ကို ရင်တုန်ပြီး ရောဂါရစေချင်နေတာလား မသိဘူး။

"မင်~~"

ထယ်ယောင်း ​ရှက်ပြီးပြေးထွက်သွားတဲ့သူ့ အပိုင်လေး အနောက်က​နေပြေးလိုက်ရင်း ခေါ်လိုက်တယ်။

"မင် မောင့်ကို စောင့်ဦးလေကွာ"

ဂျီမင်ရပ်လိုက်ပြီး ကင်မ့်ကို ကြည့်လိုက်တယ် သေချာလဲ မကြည့်ရဲပါဘူး၊သူ့ကင်မ့်ကို ကြောက်တယ်။

"ကင်မ် ကျောင်းမှာ အဲ့လိုတွေ မခေါ်ပါနဲ့"

"ဘာလို့လဲ"?

ကင်မ်က လက်ပိုက်ပြီး သူ့ကိုစိုက်ကြည့်ပြီး မေးလာတယ်။

"ငါ..ငါရှက်တယ် ပြီးတော့ ကျောင်းမှာ အဲ့လိုခေါ်တော့ သူတို့က လိုက်ကြည့်နေကြတယ်လေ ခုနတစ်လျှောက်လုံး မင်း..မင်း အဲ့လို အော်ခေါ်လာတာ သူတို့က မင်းနဲ့ငါ့ကို ကြည့်သွားကြတယ်"

ဂျီမင်ပြောလိုက်တော့ ကင်မ်က မျက်ခုံးနှစ်ခုထိလုမတတ် တွန့်ချေပြီး ပြောလာတယ်။

"ပတ်ခ်ဂျီမင်!!!ဘာလဲ တွဲနေတာကို လူမသိစေချင်တာပေါ့ ဟုတ်လား ဟမ်? မရဘူးနော် လူသိအောင်ကိုတွဲမှာ အဲ့ကြမှ မင်ကမောင့်အပိုင်ဆိုတာကို သိကြပြီး လာမထိရဲမှာ"

ကင်မ် စိတ်တိုတိုနဲ့ အော်ပြောလာတော့ ဂျီမင်လန့်သွားပြီး

"ကင်မ် ငါပြောတာ အဲ့လိုမဟုတ်ပါဘူး"ငါက..ငါက ဒီတိုင်းရှက်လို့ပါ မင်းနဲ့ တွဲတာ လူမသိစေချင်လို့မဟုတ်ရပါဘူး"

သူကင်မ့်ကို မကြည့်ပဲ ခေါင်းကို အောက်ငုံ့ ပြီးပြောလိုက်တယ် အခုပြောနေရင်းတောင် သူရှက်နေတာ အရမ်းပဲ။

"အဟက် မောင့် မင်ကရှက်နေတာလား ဟုတ်ပြီလေ ဒါဆိုလဲ မောင်ဆက်မခေါ်တော့ဘူး ဒါပေမဲ့ အပေးယူရှိရမယ် မင်~~~"

ကင်မ်က ရှက်နေတဲ့ သူ့မျက်နှာလေးကို လက်ညိုးလေးနဲ့ ပင့်တင့်ပြီး မျက်လုံးချင်းစုံအောင်ကြည့်ပြီး ပြောတယ်။သူကြာကြာစုံအောင်မကြည့်နိုင်ပါဘူး။ကင်မ့် မျက်လုံး အညိုတွေက အရမ်း ဆွဲဆောင်မှုရှိတာ။

"ဘယ်လိုလဲ မင်~~"

ဒီအပေးယူကဘာလဲ သူသိတာပေါ့ ကင်မ်က လူလည်လေး သူမပေးလဲ ကင်မ်က ယူမှာပဲ။

"ငါ...ငါ သဘောတူတယ် ကင်မ် ဒါပေမဲ့ ငါ့...ငါ့ကိုအကြမ်းအရမ်း မနမ်းပါနဲ့ အရင်က မင်းလုပ်တာ ငါ့နှုတ်ခမ်းတွေ ဖူးယောင်ပြီး ပေါက်ပါပေါက်သွားခဲ့တာလေ"

သူနှုတ်ခမ်း ဘယ်လိုဖြစ်သွားတာကို ပြောနေတဲ့ အကောင်ပေါက်ကို အကောင်လိုက်မြိုချထားချင်တယ် သော့ခတ်ပြီး အခန်းထဲ ဖွက်ထားချင်တယ်။ပတ်ခ်ဂျီမင် ငါမင်းကိုချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲ။

"အိုကေလေ သဘောတူတယ် မောင်အကြမ်းအရမ်းကြီး မနမ်းပါဘူး မင်ရဲ့ နော်~~~"

"ကင်မ်!!!"

"ဟားဟား ဟုတ်ပါပြီ မောင်ဆက်မစတော့ပါဘူး အတန်းတတ်တော့လေ မောင်လဲသွားပြီ"

ကင်မ်ပြောပြီးလှည့်အထွက်

"ကင်မ် အတန်းကို ပဲ သေချာသွားနော် ဘယ်မှထပ်မသွားနဲ့"

ဂျီမင်လှမ်းပြောလိုက်တော့ အိုကေဆိုပြီး လက်အမူယာ ပုံစံနဲ့ လုပ်ပြသွားတယ်။

"ကင်မ် လူဆိုးကောင်"...

#စာလုံးပေါင်းတွေ မှားရင်ဖြည့်ဖတ်ပေးကြပါနော် ကိုယ်ကသေချာပြန်ပြန်စစ်လဲ နောက်မှ ပြန်ပြန်တွေ့လို့ပါ။#

KIMWhere stories live. Discover now