တစ်နေ့ သူ ထယ်ယောင်းနဲ့ ကျောင်းခေါင်မိုးပေါ်မှာထိုင်နေရင်း ရုတ်တရက် ထယ်ယောင်းမှ
"ဂျီမင်"
"ဟင်...ဟင်"
"ငါလိုချင်တဲ့ အဖြေပေးတော့"
ရုတ်တရက်ကြီး ထယ်ယောင်းမှ အဖြေတောင်းလာတော့
"ငါ...ငါ မင်းကိုပြောထားတာလိုသေး..."
"မင်းမပေးသေးရင် ငါဒီပေါ်ကနေ ခုန်ချလိုက်မှာနော်"
"ဟင် ထယ်ယောင်း မင်းပြန်လာခဲ့ အရမ်းအန္တာရယ်များတယ်"
"ဒါဆို ပေးလေ မဟုတ်ရင် ငါခုန်ချမှာ ငါမလုပ်ရဲဘူး မထင်နဲ့နော် ပတ်ခ်ဂျီမင်"
ဂျီမင်အခတ်တွေ့ပြီလေ လူဆိုးကောင်က မလုပ်ရဲတာဘားမှမရှိ ဟိုတစ်ခါကလဲ သူ့ကို စိတ်ဆိုးပြီး အိမ်ထဲက မထွက်တာကို ခြိမ်းခြောက်ပြီးထွက်လာခိုင်းတာ ကိုယ့်မှာကြာကြာတောင်စိတ်မဆိုးခဲ့ရ။
"ငါ...ငါချစ်တာမို့ ဆင်းခဲ့ပါကွာ အန္တာရယ်များတယ်လို့ အရူးကောင်ရဲ့"
"အဟွန်း ဒီလိုလေးပေးလိုက်ရမှာကို အချစ်က မူနေတာကို"
"မင်း...မင်း အရူးကောင်"
"လာပါဦးကွာ ဖတ်ချင်လို့"
ဂျီမင်လဲ ထယ်ယောင်းရင်ခွင်ထဲပြေး၀င်သွားပြီး ဖတ်ထားလိုက်တယ် ဒီလူဆိုးကောင်ကိုသူလဲချစ်နေမိတာကို
__________
"ကဲ ဒီနေ့တော့ ဒီလောက်ပဲ ဆရာသွားပြီနော် ကလေးတို့"
သူအရင်ကအကြောင်းတွေပြန်တွေးရင် အတွေးလွန်နေတာနဲ့ ကျောင်းတောင်ဆင်းပြီပဲ အရင်အကြောင်းတွေပြန်တွေးကြည့်တော့လဲ လူဆိုးကောင် ကင်မ်ထယ်ယောင်းကချစ်စရာအတိပါပဲ။
"ဂျီမင် ငါနဲ့အတူတူပြန်မှာလား"
"ဟင့်အင်း ဆော့ဂျင် ငါ့ကိုထယ်ယောင်းစောင့်နေမှာ မသွားရင် စိတ်ဆိုးလိမ့်မယ်"
"အင်း အင်း ဒါဆိုငါသွားနှင့်ပြီနော်"
"အင်း တာ့တာ ဆော့ဂျင်"
ဂျီမင်လဲ ဆော့ဂျင်ကို နှုတ်ဆတ်ပြီး အတန်းပြင်ထွက်လာတော့ ထယ်ယောင်းက အခန်းရဲ့ အနောက်က နံရံကိုမှီကာစောင့်နေတယ်
"ကင်မ် ပြန်ကြမယ်လေ"
ထယ်ယောင်းရှေ့ကိုသွားရပ်ကာပြောလိုက်တော့ ထယ်ယောင်းမှပီကေ၀ါးရင်းနဲ့ ဂျီမင်မျက်နှာရှေ့သို့ငုတ်ချလာကာ
"ကိုယ့်စကားကိုယ်မေ့နေတာလား မင်~~~"
ဂျီမင်မင်မျက်နှာလေးမှာ ပန်းရောင်သန်းသွားခဲ့တယ် ကင်မ့်ရဲ့ အာငွေ့နံ့လေးဟ ပူရှိန်းပီကေနံလေးရနေခဲ့တယ်။
"ငါ...ငါမမေ့ဘူး ကင်မ်"
"ဒါဆို လာခဲ့"
ထယ်ယောင်းမှ သူ့ကိုဆွဲခေါ်သွားကာ ကျောင်းအနောက်ဘက်ကမှ စတိုခန်းဟောင်းကြီးထဲသို့ ရောက်ရောက်ချင်းသူ့ကိုစားပွဲအကြီးကြီးပေါ်သို့မတင်ကာ အရင်ဆုံးစိုက်ကြည့်လာတဲ့ကင်မ်ဟာအရမ်းချောပါတယ်။
"နမ်း"
"ဟင်"
"နမ်းလို့"
"ကင်မ်...မင်!!!"
"အဟက် မနမ်းတတ်မှန်းအရမ်းသိသာတာပဲ မင်~~~"
"မင်း သိရဲ့သားနဲ့လုပ်ခိုင်းတာလေ"
"ဒါဆို မောင်နမ်းရမှာပေါ့ ဟုတ်လား~~"
သူ့မျက်နှာနားသို့ကပ်ခါ ရီဝေဝေကြည့်ရင်းပြောလာတဲ့ကင်မ်ကြောင့် သူ့ရင်တွေကအတမတန်ခုန်နေခခဲ့တယ်။
"နမ်းကြတော့မလား မင်~~~"
__________
YOU ARE READING
KIM
Фанфикшнမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...
