ဂျီမင် အတန်းထဲပြန်ရောက်တော့ ဆော့ဂျင်က
"ဂျီမင် အဆင်ပြေရဲ့လား မင်းကို ဟိုကင်မ်ထယ်ယောင်း ဘာလုပ်လိုက်သေးလဲ"
"ကင်မ်ကငါ့ကိုဘားမှမလုပ်ပါဘူးကွာ၊ဟိုကျောင်းသားတွေက ကင်မ့်ကို ဘာပြောလိုက်လို့လဲ မသိပါဘူး ကင်မ်ကတော်တော် ဒေါသထွက်နေတာ အဲ့ကျောင်းသားတွေ ဆေးရုံရောက်တော့မလို့ ငါ၀င်သာမတားရင်"
ဂျီမင်က ပြောလိုက်တော့ ဆော့ဂျင်က သူ့နားကိုထပ်တိုးလာပြီး
"ဟိုကောင် ဂျွန်ဂျောင်ဂုကောပါလားဟင် ငါက ကင်မ်ထယ်ယောင်းရန်ဖြစ်နေတယ်ကြားတာနဲ့ မင်းကို အပြေးလာပြောတာ၊အဲ့ကိုတော့ ငါသွားမကြည့်ခဲ့မိဘူး။
ဆော့ဂျင်က လန့်သလိုလိုနဲ့ပြောလာတော့ ဂျီမင်ရီမိသွားတယ် ဂျွန်ဂျောင်ဂုဆိုတာ ကင်မ်နဲ့ သူငယ်ချင်းတွေလေ၊ဆိုးချက်တွေက လက်လန့်ပါတယ်၊နှစ်ယောက်သားသူယ်ချင်းလို့ မပြောရဘူး ဂျွန်ဂျောင်ဂုက သူ့သူငယ်ချင်း ဆော့ဂျင်ကို အသေရရအရှင်ရရ လိုချင်နေတဲ့သူ ဂျွန်ဂျောင်ဂုက ကင်မ်သူ့ကိုလိုက်တာထက်တောင် ဆော့ဂျင်ကို လိုက်တာ ပိုစောတယ် တစ်ခါ ဆော့ဂျင်ကို အဖြေတောင်းတာကို ဆော့ဂျင်က ရှောင်နေတာလေ၊ရှောင်ချင်စရာပဲ ကို ချစ်တယ်ပြောပြီး အဖြေတောင်းတာ ဇိုးဇိုးဇတ်ဇတ်လုပ်ပြီးကို တောင်းတာ ကင်မ့်သူငယ်ချင်းလို့ကိုမပြောရဘူး။ဆောဂျင်သာ ဂျွန်ဂျောင်ဂုရဲ့ ချစ်တယ်ပြောတာကို လက်မခံရင်လဲ ဂျောင်ဂု ကိစ္စမရှိပါဘူးတဲ့ မတရားယူပြီး အပိုင်သိမ်းမှာတာ ကုန်ကုန်ပြောရင် ကားတင်ပြေးမယ်တဲ့ ကင်မ်ကသူ့ကို ပြန်ပြောပြတာ၊ကင်မ်က ဆိုးတယ်ဆိုရင် ဒုတိယဆိုးတာ ဂျွန်ဂျောင်ဂုပဲ။
"မပါပါဘူး၊မင်းလူက ထူးထူးဆန်းဆန်း ဒီတစ်ခါမပါလာဘူး"
"ဘာ..ဘာကိုငါ့လူလဲ ငါ့လူမဟုတ်ပါဘူး"
ဂျီမင်က ရီရင်း
"ဟုတ်မှလဲပြော ဆော့ဂျင် ဟိုကမင်းကို အရမ်းတမ်းတမ်းစွဲ ဖြစ်နေတာနော် အပိုင်းသိမ်းမယ်တွေ တောင်လုပ်နေတာ ဟား ဟား ငါ့သူငယ်ချင်းလေ ကားတင်ပြေးခံနေရမယ်"
ဂျီမင် အားရပါရရီရင်း ဆော့ဂျင်ကိုစနေတော့တယ်။
"မင်းနော်..မင်းလဲ ဘာထူးလို့လဲ ဟိုက မသေရုံတမယ်တွေ လုပ်ခြိမ်းခြောက်ပြီး အတင်းတွေ အဖြေလိုက်တောင်းတာကြတော့ရော"
YOU ARE READING
KIM
Fanficမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...
