ဒီနေ့ ဂျီမင်နဲ့ ဆော့ဂျင် ကျောင်းပိတ်လို့ နှစ်ယောက်သားလျှောက်သွားဖို့လုပ်ထားကြတယ်။
"ဟိုကောင် မင်းအခုထိ မထဘူးလား ငါရောက်နေပြီ မြန်မြန်ထအပြင် သွားကြမယ်ဆိုကွာ"
ဂျီမင်တစ်ယောက်ဆော့ဂျင်အိမ်ကို လာပြီး နှိုးနေခြင်း ဖြစ်တယ်။ဒီကောင် အခုထိထမလာဘူး။သွားမယ် သွားမယ်နဲ့ မနေ့က တစ်ကဲကဲဖြစ်နေတာ သူမဟုတ်တဲ့အတိုင်းပဲ။
"ဟျောင့် ထလို့ အေ မင်းကို ငါထားခဲ့မှာနော်"
တုတ်တုတ်တောင်မလှုပ်သောဆော့ဂျင်ရယ်ပါ။
"အေ အဲ့ဆို ငါဂျွန်ဂျောင်ဂုကြီးကို ဖုန်းခေါ်ပြီး မင်းကိုလာနှိုးခိုင်းမှာနော်"
အဲ့ကြမှ ဆော့ဂျင်ရုတ်တရက်ထထိုင်ပြီး
"ထပြီ ထပြီ ငါထပြီ ၁၀မိနစ်ပဲစောင့်"
ဂျီမင် ဆော့ဂျင်ထအောင် တမင်ပြောလိုက်ခြင်းပါ ခေါ်စရာလား သူကို ဖုန်းနံပါတ်တောင်မရှိတာကို။ရှိလဲမခေါ်ဘူး ကြောက်စရာတွေ ဂျီမင်မလုပ် လုပ်ရင် ဂျီမင်မဟုတ်။
ဂျီမင် လဲ ဆော့ဂျင်ကို စာအုပ်ဖတ်ရင်း စောင့်နေလိုက်တယ်။
"ပြီးပြီ ဟျောင့် သွားကြမယ်"
"အေ သွားမယ် မင်းလဲပြီးဦးမှပဲ"
ဂျီမင်ရော ဆော့ဂျင်ရော အောက်ကိုဆင်းလာပြီး ဆော့ဂျင်ရဲ့ အစ်ကို ဟိုဆော့Hyungကို နှုတ်ဆတ်ပြီး ထွက်လာလိုက်တယ်။
"Hyung ကျွန်တော်တို့ သွားပြီနော်"
"အော် သွားကြတော့မှာလား မိုးမချုပ်စေနဲ့နော် ငယ်လေးတို့"
"ဟုတ် ဟိုဆော့Hyung သွားပြီနော် တာ့တာ"
ဆော့ဂျင် သူ့အစ်ကို စကားထပ်များနေမှာကြောင့်လို့ ဂျီမင်လက်ကိုဆွဲပြီး ပြေးထွက်လာလိုက်တော့တယ်။
"ဖြေးဖြေး ဆွဲပါကွ မင်းကလဲ"
ဆော့ဂျင်က သူ့အစ်ကိုနဲ့နေတာလေ ။ဆော့ဂျင် မိဘတွေက Parisမှာ နေကြတာလေ၊သူတို့အလုပ်ကအဲ့မှာမို့လို့ ဒီမှာညီအစ်ကိုနှစ်ယောက်ပဲကျန်ခဲ့ကြတာ။ဂျီမင်ရဲ့ အစ်ကိုလို့ပြောလဲမမှားတော့ဘူး ဂျီမင်က ဆော့ဂျင် အိမ်ကို အမြဲ၀င်လိုက်ထွက်လိုက်နဲ့ဆိုတော့ ဟိုဆော့Hyungနဲ့ရင်းနှီးသွားတာ။
YOU ARE READING
KIM
Fanfictionမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...
