သူတို့ရုပ်ရှင်ပြီးတော့ ရုံထဲကနေထွက်လာခဲ့ကြတယ်။
"ကင်မ်ထယ်ယောင်းကအခုထိသူ့လက်ကိုမလွှတ်ပေးသေးဘူး၊ဟိုသကောင်းသားလေး ဆော့ဂျင်ကလဲ အခုထိထွက်မလာသေးဘူး။ငါ့ကိုများတစ်ယောက်ထဲ ချန်ခဲ့ပြီး ဂျွန်ဂျောင်ဂုနဲ့ထွက်သွားပြီလားမသိဘူး။"
"ဘာတွေ စဥ်းစားနေတာလဲ ဟမ်???"
ဘေးနားကကင်မ်ထယ်ယောင်း ခေါ်သံကြောင့် သူ့ကိုယ်လေးတုန်တတ်သွားတယ်
"ဘာ...ဘားမှမစဥ်းစားပါဘူး၊ဆော့ဂျင်ကို ရှာနေတာ၊အခုထိထွက်မလာသေးဘူး၊အတူတူ၀င်သွားတာပဲကိုလေ။
"ကျစ်...အခုအာရုံစိုက်ရမှာဘေးကကိုယ့်ကိုလေ မင်းသူငယ်ချင်းက ဟိုကောင်နဲ့ပါသွားပြီး အိမ်တောင်ရောက်ရင်ရောက်နေလောက်ပြီ"
"ဒါ...ဒါပေမဲ့"
"ဘာကိုလဲ..မင်~~~???"
ကင်မ်ထယ်ယောင်းကသူ့နားကပ်လာပြီး သူ့ကိုစိုက်ကြည့်ကာမေးတယ်။
"ကိုယ့်ကိုပဲ အာရုံစိုက်လို့ ကိုယ့်ရှီမှာပဲ အာရုံကိုထား ရုံထဲမှာဖြစ်ခဲ့သလိုပဲ အခုကောဖြစ်ချင်တာလား မင်~~~"
"ရုံထဲမှာ ကင်မ်ထယ်ယောင်းရဲ့လုပ်ရပ်ကိုပြန်တွေးမိသွားတယ်။သူ့ကို အတင်းဖတ်နမ်းတာလေ သူ့အပေါ်မှာအာရုံမရှိလို့တဲ့ ရုပ်ရှင်ကြည့်ပါတယ်ဆို ရုပ်ရှင်ထဲပဲ အာရုံရောက်မှာပေါ့ အဲ့ဒါကို သူမေးနေတာကို မထူးလို့ဆိုပြီး လူကိုအတင်းနမ်းတာ ကိုယ့်မှာမျက်ရည်ပါ၀ဲတယ် ငိုရင်ထပ်ပြီးအသက်ရှူကြပ်တဲ့ထိ ထပ်နမ်းမှာဆိုလို့ ကိုယ့်မှာမငိုရဲ၊ပြီးတော့လဲ လူကိုကလေးများထင်နေလားမသိဘူး သူ့ပေါင်ပေါ်မှာတင်ထားတာ၊ရုပ်ရှင်မကြည့်ပဲ ကိုယ့်ကိုပဲစိုက်ကြည့်နေတော့ မနေတတ်လို့ မကြည့်ဖို့ပြောတော့၊မကျေနပ်ရင် သူ့ကိုပြန်ကြည့်ပေါ့တဲ့၊ပြန်မလုပ်ရဲလို့သာကြည့်နေတာ၊လုပ်ရဲလို့ကတော့ အဲ့လက်မောင်းကို ကိုက်ပစ်လိုက်ပြီးပြီ"၊လက်တွေ့မှာတော့....
"ဟင့်အင်း ဟင့်အင်း မဖြစ်ချင်ဘူး"
ဂျီမင် အတင်းခေါင်းခါပြလိုက်တယ်။
"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ကိုယ်ကနမ်းချင်နေတာကို"
ကင်မ်ထယ်ယောင်းကသူ့နှုတ်ခမ်းကို စိုက်ကြည့်ပြီး ပြောနေတာ များကြောက်စရာကြီး
"မင်း...မင်းနော်"
"အဟက် လာ အိမ်လိုက်ပြန်ပို့ပေးမယ်"
ဂျီမင်လဲ မငြင်းတော့ပဲနဲ့ အသာတကြည်ပဲလိုက်သွားတော့တယ်၊မတော်လို့ သူကလန်ကဆန်လုပ်လိုက်ရင် သူထပ်နမ်းခံရမှာပေါ့။ပတ်ခ်ဂျီမင်တို့ ဘ၀ကလဲ လွယ်မနေပါဘူးနော်။
#စာလုံးပေါင်း ပြန်မစစ်ထားဘူးရယ်#
YOU ARE READING
KIM
Fanfictionမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...