"ပြွတ်စ်"
"ဟင့် မင်း...မင်း လူဆိုးကောင်"
ဟုတ်ပါတယ် ကင်မ်ထယ်ယောင်းဆိုတဲ့လူဆိုးကောင်က သူ့ပါးကိုနစ်၀င်မတတ်နမ်းချလိုက်တာပါ။
"ဟား မင်းပဲ လူဆိုးကောင်ဆို လူဆိုးကောင်တွေက ဘာလုပ်လဲ ပြတာလေ"
"မင်း..မင်း"
"ပြောလေ ပြောပါ ဘာဖြစ်လို့လဲ ပြောပြော"
ထယ်ယောင်းက ဂျီမင်းအနားကိုပိုကပ်သွားပြီ ခပ်မော့မော့ မေးလေသည်။
"လူဆိုးကောင် မင်းငါ့ကိုဘာလို့နမ်းရတာလဲ အရူးကောင်ရဲ့"
"ချစ်လို့လေ၊လှလဲလှလို့၊ချစ်ဖို့လဲကောင်းလို့"
"ဟင်"
ဂျီမင် အံ့သြသွားရသည် ဒီလူဆိုးကောင်က "သူ့ကို ချစ်တယ်တဲ့ ၊လှတယ်ကပြောလိုက်သေးတယ် အရူးကောင်"
"မင်းနော် ဖယ်ပေး"
ဂျီမင် ထယ်ယောင်းကိုတွန်းလွှတ်ပြီး ထွက်ပြေးလာလိုက်တယ် အနောက်ကထယ်ယောင်းကတော့ ဒီတိုင်းရပ်ကြည့်နေခဲ့တယ်။
သူအတန်းဘက်ကို ခပ်မြန်မြန် ပြေးလာလိုက်တယ်၊သူရင်တွေခုန်နေတာ ပြီးတော့ အဲ့လူဆိုးကောင်ကိုလဲ ကြောက်တယ်။
ဂျီမင်အတန်းထဲလဲရောက်ရော
"ဂျီမင် မင်းကလဲကွာ နောက်ကျလိုက်တာ"
ဆော့ဂျင်က မုန့်ထုပ်တွေ ပိုက်ပြီး သူ့ကိုဆူပုတ်ပုတ်နဲ့ လှမ်းမေးတယ်။
"ဆော့ဂျင်"
"ဘာလဲ ဟျောင့် မင်းကိုကျေနပ်တာ မဟုတ်ဘူးနော် ပြောတော့ စောစောလာမယ်ဆိုပြီး"
"ငါလေ ငါ အနမ်းခံလိုက်ရတယ်"
"အော် အေ ဟုတ်လား ကောင်းတာပေါ့"
ဆော့ဂျင် ယောင်ပြီးပြောလိုက်ပြီး သတိပြန်ရမှ"ဘာ ဘာကြီး မင်းအနမ်းခံလိုက်ရတယ် ဟုတ်လား"
"မင်းကလဲ တိုးတိုးပြောပါ အတန်းထဲကလူတွေ ကြားကုန်ပါ့မယ်"
ဆော့ဂျင်က လန့်ပြီးထအော်တော့ ဂျီမင်က မြန်မြန်လှမ်းတားရတယ် ဒီကောင်လုပ်တာနဲ့ တစ်ခန်းလုံးသိကုန်တော့မှာပဲ။

YOU ARE READING
KIM
Fanfictionမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...