ရုတ်တရက် ထယ်ယောင်းရဲ့ အကြမ်းအရမ်းနမ်းမှုကြောင့် ဂျီမင်တားချိန်တောင်မရလိုက်ပါ
"ထယ်...ထယ်ယောင်း"
ဂျီမင်အသက်ရှုကြပ်လာတာကြောင့် ထယ်ယောင်းရင်ဘက်ကိုတွန်းပေးမဲ့ ထယ်ယောင်းရဲ့အားကိုဂျီမင်မလွန်ဆန်နိုင်
"ပြွတ်စ်"
"ကင်မ် မင်း....မင်းအကြမ်းအရမ်းပဲ"
"အဟက် မင်~~~ အပြင်ကို တစ်ယောက်ထဲဘာလို့ထွက်လာရတာလဲမောင့်ကို reasonပေး"
ဂျီမင် သူ့ကိုရုတ်တရက် ချီလိုက်ပြီး ဆိုဖာရှီခေါ်သွားကာ ပေါင်ပေါ်တင်လိုက်ပြီး သူ့ကိုကြည့်ကာမေးနေတဲ့ကင်မ့်ကြောင့် ရှက်လာတယ်။
"မင်းကရောက်မလာသေးတော့ ငါဘာသာပဲထွက်...ထွက်လာလိုက်တာ"
ဂျီမင် ထယ်ယောင်းအကြည့်တွေကိုရှောင်ပြီးပြန်ဖြေလိုက်တယ်။
"မောင့်ကို ခဏစောင့်နေလဲဖြစ်တာပဲလေ မင်~"
"ဒါပေမဲ့ မင်းကကြာတာတောင်ရောက်မလာတာလေ"
သူ ထယ်ယောင်းကိုပတ်ခနဲပြန်ပြောလိုက်တယ် ဟုတ်တယ်လေ သူမရောက်လာတာကိုပြီးတော့သူပဲဆိုင်မှာထိုင်ပြီးဘယ်သူနဲ့
မှန်းမသိထိုင်အကြည့်စိုက်နေပြီး
"အဲ့တော့မောင့်ကိုစိတ်ဆိုးနေတယ်ပေါ့"
"ဆိုး...ဟင်မဆိုးပါဘူး ဘာလို့ဆိုးရမှာလဲ"
ထယ်ယောင်းဟက်ဟက်ပတ်ပတ်ရယ်လိုက်မိတယ်
"အဂျီကကွာ မောင်ဆိုင်မှာထိုင်ပြီးစကားပြောနေတဲ့မိန်းကလေးကမောင့်အစ်မပါကွာ"
ဂျီမင်ထယ်ယောင်းကိုကြည့်လိုက်တယ်
"မမက မောင့်ကိုသူအခုမှဒီကိုပြန်ရောက်တာမို့ ဆိုင်ကောင်းကောင်းလေးလိုက်ပို့ဆိုလို့ဒီကိုခေါ်လာလိုက်တာ မောင်လဲဒီနေရာပဲသိတယ်လေအဂျီ့ကိုလိုက်ပို့နေကြမို့လို့"
ဂျီမင်ထယ်ယောင်းပြောတာကို ငြိမ်ငြိမ်လေးနားထောင်နေမိတယ် ဒါဆို အဲ့မိန်းကလေးကကင်မ့်ရဲ့အစ်မပေါ့
"အဂျီ"
"ဟမ် ဟင်"
ထယ်ယောင်းအသဲယားလာတာကြောင့်သူကိုင်ထားတဲ့ဂျီမင်လက်လေးတွေကိုညှစ်လိုက်တယ်
YOU ARE READING
KIM
Hayran Kurguမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...
