"ကင်မ်ထယ်ယောင်း"
တကယ်ကြီး ကင်မ်ထယ်ယောင်းက သူ့ကို စိုက်ကြည့်ပြီး ကျောင်းပေါက်၀မှာရပ်နေတာ၊တစ်ခြားသူ့သူငယ်ချင်းကို များစောင့်နေတာလားလို့ဘေးကို ဝေ့၀ိုက်ကြည့်ပေမဲ့ ကိုယ်ကလွဲပြီး ဘယ်သူမှ သိပ်မရှိတော့ ပြီးတော့ ကင်မ်ထယ်ယောင်းက သူ့ကိုတည့်တည့်ကြီးကိုကြည့်နေတာ။
"ဘုရားရေ ငါကင်မ်ထယ်ယောင်းမကြိုက်တာ မနက်ကဘာများလုပ်မိခဲ့လို့ ငါ့ကိုအဲ့လိုစိုက်ကြည့်နေရတာလဲ"
ဂျီမင်လဲ ကိုယ့်ဟာကိုယ် ဖိုက်တင်းလို့ ပြောပြီး မသိချင်ယောင်ဆောင်ကာ ကင်မ်ထယ်ယောင်းရှေ့က ဖြတ်လျှောက်သွားတော့
"ပတ်ခ်ဂျီမင်"
"ဟင်"
သူ့နာမည်ကို ခေါ်ပြီ သူ့ရှေ့မှာ လာရပ်တဲ့ သူ
"ငါ...ငါ့ကိုပြောတာလားဟင်"
"ဒီမှာ မင်းနဲ့ ငါပဲရှိတာလေ ပြီးတော့ ပတ်ခ်ဂျီမင်ကလဲ မင်းပဲရှိတာမဟုတ်ဘူးလား၊ဟမ်~~~"
သူမော့မကြည့်ရဲပါ ဘာလို့လဲဆိုတော့ကင်မ်ထယ်ယောင်းက သူ့ကိုပေါက်ထွက်မတတ် စိုက်ကြည့်နေတာသူဒီကိုမရောက်ခင်ထဲက သူကင်မ်ထယ်ယောင်းကို ပြိုင်ကြည့်ပြီး စကားမပြောနိုင်ဘူး မကြည့်ရဲတာဆိုပိုမှန်မယ်။
"ဟုတ်..ဟုတ်ပါတယ် ဘာဖြစ်လို့လဲဟင်"
သူပြောလိုက်တော့ ကင်မ်ထယ်ယောင်းက
"ဘာလို့ ခေါင်းကြီး ငုတ်ထားရတာလဲ မော့ကြည့်ပါဦး ကိုက်မစားပါဘူး ဘာလဲ ကြောက်နေတာလား"
"မဟုတ်...မဟုတ်ပါဘူး ဘာ..ဘာလို့ကြောက်ရမှာလဲ"
သူမော့ပြီး ပြန်ပြောလိုက်တော့ ကင်မ်ထယ်ယောင်းက သူ့ကိုစိုက်ကြည့်နေတယ် မျက်၀န်းညိုတွေ နဲ့
"အာဟား...ဟုတ်ပါပြီ ဒါဆို မနက်ကအတန်းထဲ စာအုပ်လာပို့တုန်းက ကိုယ့်ကို ကြည့်ပြီး ချက်ချင်းဘာလို့ အကြည့်လွှဲသွားရတာလဲ ဟမ်~~"
"မဟုတ်ပါဘူး ငါ..ငါက ဒီတိုင်း မျက်လုံးကလျှောက်ကြည့်မိရင်း ကင်မ်ထယ်ယောင်းကိုကြည့်မိသးတာ ပြီးတော့ အကြည့်ကိုလွှဲသွားတာကလဲ ငါ့ကိုဆရာမကစကားပြောနေတော့ ချက်ချင်းလွှဲလိုက်တာလေ"
YOU ARE READING
KIM
أدب الهواةမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...
