မနက်ခင်းရဲ့ နေရောင်ခြည်က သူ့မျက်နှာကို လာထိုးနေပြီ၊
"ဟင့်~~~မျက်လုံးဆူးတယ်"
"အမလေး ထတော်မူပါရှင့် မင်းသားလေးရေ ကျွန်မက မင်းသားလေးကို လာနှိုးတာပါကွဲ့"
ဂျီမင် မေမေက ဂျီမင်ရဲ့ ဖင်လေးကိုပုတ်လိုက်ပြီးစနောက်ကာလာနှိုးနေလေ ရဲ့။
"မေမေနော် သားအဲ့ကို မရိုက်ပါနဲ့ဆို ထပြီ ထပြီ"
"ဟောကွယ် ဒီကအမေက ကိုယ့်သားလေးကို ချစ်လို့ရိုက်တာ ဘာဖြစ်လို့လဲ"
"သားကလေးဟုတ်တော့ဘူးလေ အဲ့လိုလာရိုက်တော့ ရှက်တာပေါ့"
ဂျီမင်မေမေက ရီလိုက်ပြီး သားတော်မောင်အား
"အမလေးကွယ် သဘော သဘော မရိုက်နဲ့ဆိုလဲ မရိုက်တော့ပါဘူး မေမေ့ ကလေးလေးကို"
"ဟာ မေမေ"
"သွား သွား မျက်နှာသစ် ရေချိုးပြီးဆင်းလာခဲ့တော့ မေမေတို့ ထမင်းစားဖို့အောက်မှာစောင့်နေမယ်"
"ဟွန့် ဟုတ်"
ဂျီမင်လဲ အကုန်ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာလိုက်တယ်။
"သားလေး ရော့"
"မေမေ သားကိုပေါင်မုန့်ပေါ် စတော်ဘယ်ရီယိုပဲ သုတ်ပေးလိုက်တော့ သားလမ်းမှာ စားသွားမယ်"
"ဟုတ်ပါပြီကွယ် မေမေ လုပ်ပေးလိုက်မယ်"
"ရော့ သားဖြေးဖြေးသွားနော် လမ်းကို ဂရုစိုက်သွား"
"ဟုတ် မေမေ ဖေဖေသားသွားပြီနော်"
"ဟေ့ ဟုတ်ပြီကွာ ဂရိုစိုက်သွားနော်"
သူလဲ လမ်းကို အေးဆေးလေးလျှောက်ပြီး မုန့်လေးစားရင်းနဲ့ကျောင်းကို ရောက်လာခဲ့တယ်။
"ဟင် ကင်မ်...ကင်မ်ထယ်ယောင်း"
ကင်မ်ထယ်ယောင်းကကျောင်းပေါက်၀မှာ သူ့ကိုစောင့်နေတာလား။
ဂျီမင်လဲ မသိချင်ယောင်ဆောင်ပြီး ကျော်သွားမလို့လုပ်တော့
"ကိုယ့်ကို မြင်ရဲ့သားနဲ့ တမင်ကျော်သွားတယ်ပေါ့ ဟုတ်လား မင်"
ထယ်ယောင်းရဲ့ အသံခပ်သြသြလေးကထွက်လာတယ် ပြီးတော့လဲဂျီမင်ကို အသေချာစိုက်ကြည့်ပြီးပြောနေတာ။
"မဟုတ်...မဟုတ်ပါဘူး၊ငါက..အင့်"
ကင်မ်ထယ်ယောင်းက သူ့လက်ကိုဆွဲသွားပြီး ကျောင်းနောက်ကိုခေါ်သွားတယ်
သူမရုန်းရဲဘူး နည်းနည်း မသိမသာလေး ရုန်းကြည့်ပေမဲ့လဲ လွတ်မှမလွတ်တာ။
"အင့်"
"ပြောလေ၊တမင်မြင်ရဲ့သားနဲ့ ကျော်သွားတာပေါ့၊ဟုတ်လား"!!!
ကင်မ်ထယ်ယောင်းက သူ့ကိုနံရံမှာကပ်ထားပြီး သူ့ကိုယ်နဲ့ ပိတ်ထားတယ်၊ဂျီမင် မရုန်းရဲပါ ပြီးတော့ သူ့ကင်မ်ထယ်ယောင်းကိုကြောက်တယ်။
"မဟုတ်ပါဘူး ငါက..ငါက မင်းစောင့်နေတာ ငါမဟုတ်ဘူးထင်လို့ပါ"
ဂျီမင် မော့ပြီးပြောလိုက်ပေမဲ့ ကြာကြာမကြည့်နိုင်ပါ ဒီမျက်၀န်းညိုတွေ အရမ်းညှို့အားပြင်းပြီး ကြောက်ဖို့ကောင်းတယ်။
"အော် ဟုတ်လား"
"ဟုတ်...ဟုတ်ပါတယ် ထယ်ယောင်း ငါအတန်းတတ်ရဦးမှာ ဖယ်...ဖယ်ပေးပါ...အင့် ဘာ...ဘာလုပ်တာလဲ..လွှတ်ပါ ဟင့်"
ကင်မ်ထယ်ယောင်းသည် ဂျီမင်၏ခါးကို လက်တစ်ဖက်ဖြင့်ဆွဲယူပြီး ဖတ်လိုက်ကာ ဂျီမင်၏ကိုယ်ူင်းရနံ့လေးကို ရှုရှိုက်နေမိတယ်။
ဂျီမင် ကြက်သီးတွေ ထသွားခဲ့ရတယ်၊ကင်မ်ထယ်ယောင်းကအခုဘာလုပ်နေတာလဲ။
"အင့်..လွှတ်ပေးပါ..လွှတ်ပေးလို့ လူဆိုးကောင်ရဲ့"
"ဘယ်လို"
သွားပြီ ဂျီမင် ထယ်ယောင်းကသူ့ကို မလွှတ်ပေးလို့ ဒေါသလေး ပိစိလောက်ထွက်သွားမိတာ၊ပြီးတော့ သူ့ကို လူဆိုးကောင်လို့တောင်ခေါ်မိသွားသေးတယ်၊မင်းတော့သွားပြီ ဂျီမင်ရေ။
"ငါ...ငါက မင်း မလွှတ်ပေးလို့ ပြောမိတာပါ"
"လူဆိုးဆိုတော့လဲ လူဆိုးပေါ့ လူဆိုးတွေ ကဘာလုပ်လဲ သိလား မင်~~"
မင် သူကငါ့ကို မင်လို့ခေါ်လိုက်တာလား။
"ဟင့်အင်း"
"ဒီလိုလုပ်တာကွ"
ဂျီမင် မျက်လုံးလေးတွေ ၀ိုင်းစက်ကုန်တယ် သူ..သူတကယ်ကြီး ဘာလုပ်လိုက်တာလဲ။
ကဲ ဘာလုပ်လိုက်တယ်ထင်လဲ။🤪
YOU ARE READING
KIM
Fanficမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...