သူတို့နေ့လည်ကျောင်းဆင်းချိန်တောင်ရောက်နေပြီ၊ဆရာမက ဒီစာလေး အပြတ်သင်သွားချင်တယ်ဆိုလို့ သူတို့ မထွက်ကြရသေးဘူး။သူ့ဘေးကဆော့ဂျင်ကို လှည့်ကြည့်မိတော့ အောက်မှ မုန့်ခိုးစားလို့ကောင်းတုန်း။
"ကဲ ပြီးပြီ ဆောရီးကလေးတို့ရေ တီချယ်က ဒါလေးအပြတ်သင်သွားချင် ဒါမှ ကျောင်းပြန်ဖွင့်ရင် သင်ခန်းစားအသစ် တတ်နိုင်မှာလေ ဒါဆို တီချယ်ပေးထားတာတွေကို မှတ်မိကြလား"
"မှတ်မိပါတယ် တီချယ်"
ကျောင်းသားတွေက ပျင်းတိပျင်းရွဲ့နဲ့ဖြေကြတယ် သူလဲအပါအ၀င်ပေါ့။
"အမလေး ရှင်တို့ကလဲ ကျွန်မအချိန်လေး နည်းနည်း ယူမိပါတယ် ဖြစ်နေကြတာ ကဲကဲသွားကြ သွားကြ တီချယ် ဆရာကြီးကို နားချိန်ပိုတောင်းပေးထားမယ်"
ဆရာမက ပြောပြီးလဲ ထွက်သွားရော အခန်းထဲက လူတွေ အားလုံး ကန်တင်းကို ပြေးသွားလိုက်ကြတာများ အခန်းထဲမှ သူရယ်ဆော့ဂျင်ရယ်ပဲ ကျန်ခဲ့တော့တယ်။
"ဂျီမင် ဒီမှာကျန်"
တစ်ချိန်လုံး မုန့်ခိုးစားလိုက် စာလိုက်ကြည့်လိုက်လုပ်နေတဲ့ ဆော့ဂျင်က ဂျီမင်ကိုရုတ်တရက်ထ ခေါ်လိုက်တယ်။
"ဘာလဲ ပြော"
"ငါမုန့်ထဲက ကပ်ခွာလေးတွေ ပေါက်တယ်ကွ"
"ဟင် ဘယ်မှာလဲ ပြကြည့်ဦး ငါ့လဲ"
သူငယ်ပြန်နေတယ် မပြောနဲ့ဒီလိုအရုပ်လေးတွေ သူတို့ကြိုက်တယ်။သူတို့ကို အဲ့လို ပြောမဲ့သူတွေက အခုထဲက လစ်!!(ကြောက်လိုက်တာ ကိုကိုပုဂျိရယ်~_~)
"ဒီမှာ ဒီမှာ အရုပ်သေးသေးလေးတွေလဲ ပါတယ်ကွ"
"ဆော့ဂျင် မင်းဒါ ဘယ်က၀ယ်တာလဲ ငါလဲ နောက်နေ့ ၀ယ်စားမလို့ ပြောပြ"
အမှန်တော့ သူမုန့်စားချင်လို့ မဟုတ်ဘူး အရုပ်လိုချင်လို့
"ငါတို့ လမ်းထဲက မုန့်ဆိုင်က ၀ယ်လာတာဟ ငါလဲအခုမှ၀ယ်စာစဖူးတာ မင်းလိုချင်ရင်ကျောင်းဖွင့်ရင် ငါ၀ယ်ခဲ့ပေးမယ်လေ"
"ငါ့ကို ငါးထုပ်လောက်၀ယ်ခဲ့ပေးနော် ဆော့ဂျင်"
"အေးအေး အခုကန်တင်းသွားကြမယ်လေ"

YOU ARE READING
KIM
Fanfictionမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...