ဒီနေ့က ကျောင်းပိတ်တဲ့ရက်လေး အပြင်မှာလဲ မိုးတွေရွာနေတာ အခုထိမစဲဘူး ကင်မ်က သူ့ကိုအခုထိဖုန်းမခေါ်ဘူး အရင်ကဆို ဖုန်းကိုဆက်တိုက်ခေါ်တာ မအားလို့မကိုင်မိရင်လဲ ချက်ချင်းလိုက်လာမယ်ဆိုပြီး ဒေါသထွက်နေတာ အခုကြသူ့ကိုဖုန်းတောင်မခေါ်ဘူး၊ဂျီမင် ပြတင်းပေါက်နားမှာရပ်နေပြီး အပြင်ကမိုးရွာနေတာကို ဘာရယ်မဟုတ် ဒီတိုင်းလေးရပ်ကြည့်နေလိုက်တယ် ခဏအကြာ အိပ်ရာပေါ်ကိုပြန်တက်သွားပြီး ဘေးမှာချထားတဲ့ဖုန်းကိုယူကာလိုင်းပေါ်တတ်ကြည့်တော့ ကင်မ်က Activeဖြစ်နေတယ်။
"လိုင်းပေါ်မှာ ရှိရဲ့သားနဲ့ကို စာကြ၀င်မကြည့်ဘူး ကင်မ်လူဆိုးကောင်"
ဖုန်းကိုချထားလိုက်ပြီး နာရီကိုတစ်ချက်ကြည့်လိုက်တော့ ၁၀နာရီရှိပြီ မိုးကအခုထိမတိတ်သေး နည်းနည်းတော့စဲလာတယ်၊သူဗိုက်ဆာနေပြီ ထယ်ယောင်းကလဲ ဖုန်းမကိုင်ဘူး၊ထယ်ယောင်းကသူ့ကိုအပြင်မထွက်ခိုင်းပဲ သူပဲလာပြီးမုန့်အမြဲပို့ပေးတာ၊အခုထိလာလဲမလာသလိုဖုန်းလဲမကိုင်ဘူး။
"ကင်မ်နေများမကောင်းလို့လား"
နေမကောင်းဘူးပြောရအောင်လဲ မနေ့ကညအထိသူနဲ့ဖုန်းထဲမှာစကားတွေပြောနေတာ အကောင်းကြီးပါပဲ၊ပြီးတော့ ကင်မ်က သူနေမကောင်းရင် သူ့ကိုဖုန်းလှမ်းဆက်နေကြ သူစိတ်ပူနေမှာဆိုးလို့ အဲ့ကြသူကပဲ ထယ်ယောင်းအိမ်ကို လိုက်သွားခဲ့တာ ဒါတောင်ထယ်ယောင်းကသူ့အိမ်ကလူလွှတ်ပြီးလာကြိုခိုင်းတာ။
"အိပ်နေသေးလို့ မနိုးသေးတာများလား"
နောက်ဆုံးတော့ ဂျီမင် ကိုယ့်ဘာသာပဲထွက်၀ယ်ဖို့ပဲဆုံးဖြတ်လိုက်တော့တယ်၊တစ်ခါလေးပဲဘားမှမဖြစ်နိုင်ပါဘူး ကင်မ်လဲ သိတာမှမဟုတ်တာ၊အောက်ခံအင်္ကျီဆွဲသားအဖြူလက်ရှည်ကို၀တ်လိုက်ပြီး အပေါ်က အနွေးထည်အထူ အဖြူလေးကိုထပ်လိုက်တယ် ဘောင်းဘီအရှည်အနက်ရောင်ကိုတွဲ၀တ်ပြီး လည်ပင်းက mufflarအကွက်လေးကို၀တ်လိုက်တယ်၊အကုန်ပြီးတော့မှမှန်ရှေ့ကိုရပ်လိုက်ပြီး
"အင်း အဆင်ပြေမှာပါ တစ်ခါလေးပဲထွက်တာ ဘားမှမဖြစ်လောက်ပါဘူး"
YOU ARE READING
KIM
Fanfictionမင်-"ရန်မဖြစ်ရဘူးလေ ကင်မ် ငါစိတ်ပူတယ်" ကင်မ်-"စိတ်ပူရင် မင်းကဂရုစိုက်ပေးပေါ့အဲ့နှုတ်ခမ်း ရဲရဲလေးတွေနဲ့ မောင့် ဒဏ်ရာတွေ ကိုပြန်ကုစားပေး မင်~~~" မျက်၀န်းညိုတွေနဲ့ ကင်မ်ဟာ မင်ဆိုတဲ့ ကောင်လေးကို သိပ်ချစ်တယ်၊ထိုနည်းအတူ မင်ဆိုတဲ့ ခပ်ရိုးရိုး ကောင်လေးကလဲ က...