"ရွှေအိပ်မက်"
*************
အပိုင်း-၁ဖြူဖွေးနေသော ရဲတိုက်ကြီးသဖွယ် တိုက်ကြီးက ခမ်းနားစွာ တသီးတနား ဟီးထနေသည်။
"ဒီတိုက်ကြီးက..."
"အိမ်လေး "လိပ်စာကတ်ကိုငုံ့ကြည့်လိုက် ခြံထဲကို မော့ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေသည်။
"ကလေးမ..ဘာကိစ္စရှိလို့လဲ"
"ရှင်"
ဆံပင်တွေအကုန် ဖြူဆွတ်နေသော လူကြီးတစ်ယောက်က အိမ်လေး ချောင်းကြည့်နေတာကို မြင်ပြီး မေးလိုက်သည်။
"ဟို..ဟို..ဒီခြံကလေ..ဒေါ်နန်းသီ တို့ ခြံလား"
"ကလေးမက ငွေအိမ်စံ သမီးလား"
အိမ်လေး မျက်လုံးလေးတွေ ဝင်းလက်သွားရပြီး...
"ဟုတ်ကဲ့"
"လာ..လာ..ဝင်လာ..ကလေးမ "
ထိုလူကြီးက ချက်ချင်း ပျာပျာသလဲ ဖြစ်သွားပြီး တံခါးဖွင့်ပေးလိုက်သည်။
အိမ်လေးက အဝတ်နည်းနည်းပါတဲ့ အိတ်လေးကို ရင်ဝယ်ပိုက်လိုက်ပြီး တိုက်ကြီးကို ဝင်လာတဲ့ ဲ့လမ်းတစ်လျှောက် ဟိုကြည့်ဒီကြည့်နဲ့ ဲ့အလုပ်များလာခဲ့သည်။
"လှလိုက်တာ"
ဒီလိုတိုက်မျိုး "အိမ်လေး"ဘဝတွင် အပြင်မှာ မပြောနဲ့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးပေ။
တိုက်ကြီး၏ ဧည့်ခန်းထဲတွင် ရွှေရောင် ဘောင်ကွပ်ထားသော ဆိုဖာထိုင်ခုံများစွာ ရှိနေသည်။
ထိုထဲတွင်မှ အလယ်ရှေ့တည့်တည့်က ခုံတွင် အသက်ခုနှစ်ဆယ်ကျော်နီးပါးရှိသော မိန်းမကြီးတစ်ယောက်ထိုင်နေလေသည်။
သူမက ဒီအိမ်ကြီးရဲ့အရှင်သခင် ဒေါ်နန်းသီပင် ဖြစ်လေသည်။
ဒေါ်နန်းသီက ကုတ်ကုတ်လေး ဦးမြဝင်း နောက်ကနေ လိုက်ပါလာသော အိမ်လေးကို ပြုံးပြလိုက်ပြီး
"ထိုင်.."
"ဟုတ်ကဲ့"
အိမ်လေး ခေါင်းညိတ်ပြီး ပြောင်လက်နေတဲ့ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။
"အော်.. ကလေး..အပေါ်မှာထိုင်"
"ရပါတယ် အိမ်လေး အောက်မှာပဲ... "